Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်စနစ်ပြုတ်ကျအဆုံးသတ်ရေး တပ်မတော်စစ်သည်၊ အရာရှိတွေ ပူးပေါင်းပါဝင်ဖို့ KNU ပြောရေး ဆိုခွင့်ရှိသူ တိုက်တွန်း

“ဒီလထဲမှာ သံတမန်တိုက်ပွဲရှိတယ်။ သံတမန်တိုက်ပွဲတစ်ခုတည်းနဲ့မပြည့်စုံဘူး။ လူထုတိုက်ပွဲကို စက်တင်ဘာ မှာ ပိုပြီးတော့ ပုံဖော်ဖို့ ထပ်မံနှိုးဆော်ချင်တယ်။ ဆက်လက်လုပ်နေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပဒိုမန်းမန်းက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ပြုတ်ကျအဆုံးသတ်ရေးအတွက် ဒီလထဲမှာ လူထုတိုက်ပွဲ၊ သံတမန်တိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတို့အရှိန်အဟုန်မြှင့်ဖို့ရှိပြီး တပ်မတော်ထဲက စစ်သည်တွေ၊ အရာရှိတွေ ပူး ပေါင်းပါဝင်ဖို့ KNU တပ်မဟာ (၅)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက တိုက်တွန်းပါတယ်။

ဒီနေ့ထုတ်လွှင့်ခဲ့တဲ့ ‘လတ်တလော စစ်ရေးအခြေအနေ နဲ့ စစ်ကောင်စီရဲ့ တပ်တွင်းအနေအထား’ စကားဝိုင်းမှာ ပဒိုမန်းမန်းက တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပြီး တပ်မတော်ကို စွန့်ခွာလာ တဲ့ အရာရှိတွေကလည်း အဘဘက်ကို မရပ်တည်ဘဲ ပြည်သူလူထုဘက်ကို ရပ်တည်ကြဖို့ တိုက် တွန်းခဲ့ပါတယ်။

“ဒီလထဲမှာ သံတမန်တိုက်ပွဲရှိတယ်။ သံတမန်တိုက်ပွဲတစ်ခုတည်းနဲ့မပြည့်စုံဘူး။ လူထုတိုက်ပွဲကို စက်တင်ဘာ မှာ ပိုပြီးတော့ ပုံဖော်ဖို့ ထပ်မံနှိုးဆော်ချင်တယ်။ ဆက်လက်လုပ်နေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပဒိုမန်းမန်းက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာတဲ့ တပ်မတော်သားနဲ့ ရဲအရေအတွက်များပြားလာပြီး လက်ရှိမှာ ၂၅၀၀ ခန့်ရှိနေပြီလို့ အရာရှိဟောင်းတွေက ပြောကြားထားပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ယာယီသမ္မတဒူးဝါးလရှီးလကလည်း ရဲနဲ့ တပ်မတော်သားတွေအနေနဲ့ စစ်အာဏာရှင်တွေနဲ့မပူးပေါင်းဘဲ ပြည်သူလူထုဘက်ရပ်ဖို့နဲ့ သူတို့ကို နွေးထွေးစွာကြိုဆိုတယ်လို့ ဒီလဆန်းမှာ ဖိတ်ခေါ်ထားပါတယ်။

Public Service Announcement

Public Service Announcement

“အဝိဇ္ဇာ အမှောင်ဖုံးနေတဲ့ အထဲက ညီတော်၊အစ်ကိုတော်တွေ တစ်ချိန်တုန်းက ညီတော်၊ အစ်ကိုတော်တွေပေါ့ ဒီအဖွဲ့တွေက အမြင်မှန်ရပါတော့။ ပြည်သူဆီလာပါတော့။ ပြည်သူတွေက သူတို့ဆီသာ ပူးပေါင်းလိုက်၊ သူတို့ရင်ခွင်ကိုသာ ခိုလှုံလိုက် လက်ကမ်းကြိုဆိုပြီးသားဗျာ။ ဒါ ဘယ်လောက်လူသားဆန်လဲဆိုတာကိုတွေ့နိုင်တယ်ပေါ့” လို့ ခွဲစိပ်ပါရဂူဗိုလ်ကြီးမင်းမောင်မောင်က ပြောပါတယ်။

အခုနွေဦးတော်လှန်ရေးက သေချာပေါက်အနိုင်ရမှာဖြစ်ပြီး လက်ရှိမှာလည်း တပ်မတော်ထဲ ကနေ သတင်းပေးနေတဲ့ ဖရဲသီးတွေလည်းများစွာရှိနေတယ်လို့ ကိုမင်းမောင်မောင်က ပြောပါ တယ်။

“ကျွန်တော်တို့ ဒီတစ်ကြိမ်နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက် ကျွန်တော်တို့ တိုက်ပွဲဝင်တဲ့အချိန်ပါ။ ကျွန်တော်တို့က နိုင်ငံရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ မျိုးဆက်တွေရဲ့အနာဂတ်အတွက် တပ်မတော်ရဲ့အနာဂတ်အတွက် ကျွန်တော် တို့တိုက်ပွဲဝင်ကြတာပါ။ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်မှုစနစ် စွမ်းရည်မပြည့်၀တဲ့ စစ်တပ် တစ်တပ်။ အဲဒီစစ်တပ်ကို ပြောင်းလဲပစ်ရမယ့်အနေအထားတစ်ခု” လို့ ဗိုလ်ကြီးရာထူးနဲ့ တပ် မတော်ကို စွန့်ခွာခဲ့တဲ့ ကိုလင်းထက်အောင်က ပြောပါတယ်။

ကုလသမဂ္ဂသံတမန်တိုက်ပွဲနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်က မြို့တော်နေပြည်တော်ကို ထိန်းချုပ်ထားနိုင်လို့ နယ်မြေစိုးမိုးတယ်လို့ ပြောလို့မရဘဲ ပြည်သူလူထုက ဘယ်ဘက်က ရပ် တည်နေသလဲဆိုတာကို ကြည့်ရမှာဖြစ်တယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

“ပြည်သူလူထုနဲ့ လက်ရှိနိုင်ငံရေး အခြေအနေ သေချာတာတစ်ခုကတော့ စစ်ကောင်စီကို ကိုယ့်ရဲ့အစိုးရတစ်ရပ်လို့ ဘယ်သူမှ အသိအမှတ်မပြု ပါဘူးဆိုတာ ဒါကတော့ တစ်ထစ်ချပြောလို့ရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထုတ်ပြန်ချက်တွေ ဘယ်လိုကွဲပြားနေပါစေ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်ရေး ဦးတည်ချက်၊ ရည်မှန်းချက်ကတော့ ထပ်တူကျတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။