Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်စနစ်ပြုတ်ကျအဆုံးသတ်ရေး တပ်မတော်စစ်သည်၊ အရာရှိတွေ ပူးပေါင်းပါဝင်ဖို့ KNU ပြောရေး ဆိုခွင့်ရှိသူ တိုက်တွန်း

“ဒီလထဲမှာ သံတမန်တိုက်ပွဲရှိတယ်။ သံတမန်တိုက်ပွဲတစ်ခုတည်းနဲ့မပြည့်စုံဘူး။ လူထုတိုက်ပွဲကို စက်တင်ဘာ မှာ ပိုပြီးတော့ ပုံဖော်ဖို့ ထပ်မံနှိုးဆော်ချင်တယ်။ ဆက်လက်လုပ်နေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပဒိုမန်းမန်းက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ပြုတ်ကျအဆုံးသတ်ရေးအတွက် ဒီလထဲမှာ လူထုတိုက်ပွဲ၊ သံတမန်တိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတို့အရှိန်အဟုန်မြှင့်ဖို့ရှိပြီး တပ်မတော်ထဲက စစ်သည်တွေ၊ အရာရှိတွေ ပူး ပေါင်းပါဝင်ဖို့ KNU တပ်မဟာ (၅)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက တိုက်တွန်းပါတယ်။

ဒီနေ့ထုတ်လွှင့်ခဲ့တဲ့ ‘လတ်တလော စစ်ရေးအခြေအနေ နဲ့ စစ်ကောင်စီရဲ့ တပ်တွင်းအနေအထား’ စကားဝိုင်းမှာ ပဒိုမန်းမန်းက တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပြီး တပ်မတော်ကို စွန့်ခွာလာ တဲ့ အရာရှိတွေကလည်း အဘဘက်ကို မရပ်တည်ဘဲ ပြည်သူလူထုဘက်ကို ရပ်တည်ကြဖို့ တိုက် တွန်းခဲ့ပါတယ်။

“ဒီလထဲမှာ သံတမန်တိုက်ပွဲရှိတယ်။ သံတမန်တိုက်ပွဲတစ်ခုတည်းနဲ့မပြည့်စုံဘူး။ လူထုတိုက်ပွဲကို စက်တင်ဘာ မှာ ပိုပြီးတော့ ပုံဖော်ဖို့ ထပ်မံနှိုးဆော်ချင်တယ်။ ဆက်လက်လုပ်နေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပဒိုမန်းမန်းက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ကို စွန့်ခွာလာတဲ့ တပ်မတော်သားနဲ့ ရဲအရေအတွက်များပြားလာပြီး လက်ရှိမှာ ၂၅၀၀ ခန့်ရှိနေပြီလို့ အရာရှိဟောင်းတွေက ပြောကြားထားပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ယာယီသမ္မတဒူးဝါးလရှီးလကလည်း ရဲနဲ့ တပ်မတော်သားတွေအနေနဲ့ စစ်အာဏာရှင်တွေနဲ့မပူးပေါင်းဘဲ ပြည်သူလူထုဘက်ရပ်ဖို့နဲ့ သူတို့ကို နွေးထွေးစွာကြိုဆိုတယ်လို့ ဒီလဆန်းမှာ ဖိတ်ခေါ်ထားပါတယ်။

Public Service Announcement

Public Service Announcement

“အဝိဇ္ဇာ အမှောင်ဖုံးနေတဲ့ အထဲက ညီတော်၊အစ်ကိုတော်တွေ တစ်ချိန်တုန်းက ညီတော်၊ အစ်ကိုတော်တွေပေါ့ ဒီအဖွဲ့တွေက အမြင်မှန်ရပါတော့။ ပြည်သူဆီလာပါတော့။ ပြည်သူတွေက သူတို့ဆီသာ ပူးပေါင်းလိုက်၊ သူတို့ရင်ခွင်ကိုသာ ခိုလှုံလိုက် လက်ကမ်းကြိုဆိုပြီးသားဗျာ။ ဒါ ဘယ်လောက်လူသားဆန်လဲဆိုတာကိုတွေ့နိုင်တယ်ပေါ့” လို့ ခွဲစိပ်ပါရဂူဗိုလ်ကြီးမင်းမောင်မောင်က ပြောပါတယ်။

အခုနွေဦးတော်လှန်ရေးက သေချာပေါက်အနိုင်ရမှာဖြစ်ပြီး လက်ရှိမှာလည်း တပ်မတော်ထဲ ကနေ သတင်းပေးနေတဲ့ ဖရဲသီးတွေလည်းများစွာရှိနေတယ်လို့ ကိုမင်းမောင်မောင်က ပြောပါ တယ်။

“ကျွန်တော်တို့ ဒီတစ်ကြိမ်နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေး အတွက် ကျွန်တော်တို့ တိုက်ပွဲဝင်တဲ့အချိန်ပါ။ ကျွန်တော်တို့က နိုင်ငံရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ မျိုးဆက်တွေရဲ့အနာဂတ်အတွက် တပ်မတော်ရဲ့အနာဂတ်အတွက် ကျွန်တော် တို့တိုက်ပွဲဝင်ကြတာပါ။ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်မှုစနစ် စွမ်းရည်မပြည့်၀တဲ့ စစ်တပ် တစ်တပ်။ အဲဒီစစ်တပ်ကို ပြောင်းလဲပစ်ရမယ့်အနေအထားတစ်ခု” လို့ ဗိုလ်ကြီးရာထူးနဲ့ တပ် မတော်ကို စွန့်ခွာခဲ့တဲ့ ကိုလင်းထက်အောင်က ပြောပါတယ်။

ကုလသမဂ္ဂသံတမန်တိုက်ပွဲနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်တပ်က မြို့တော်နေပြည်တော်ကို ထိန်းချုပ်ထားနိုင်လို့ နယ်မြေစိုးမိုးတယ်လို့ ပြောလို့မရဘဲ ပြည်သူလူထုက ဘယ်ဘက်က ရပ် တည်နေသလဲဆိုတာကို ကြည့်ရမှာဖြစ်တယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

“ပြည်သူလူထုနဲ့ လက်ရှိနိုင်ငံရေး အခြေအနေ သေချာတာတစ်ခုကတော့ စစ်ကောင်စီကို ကိုယ့်ရဲ့အစိုးရတစ်ရပ်လို့ ဘယ်သူမှ အသိအမှတ်မပြု ပါဘူးဆိုတာ ဒါကတော့ တစ်ထစ်ချပြောလို့ရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထုတ်ပြန်ချက်တွေ ဘယ်လိုကွဲပြားနေပါစေ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ထူထောင်ရေး ဦးတည်ချက်၊ ရည်မှန်းချက်ကတော့ ထပ်တူကျတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။