Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနဲ့ပတ်သက်တဲ့အချက်အလက်တွေပေးဖို့ ဘားအံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တောင်းဆို

မနေ့က စက်တင်ဘာ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နိုင်ငံတော်ကို အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး ဘားအံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့်ကြေညာချက်အမိန့်ထုတ်ပြန်လိုက်တာပါ။

ပြည်သူတွေအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ တိကျမှန်စွာ သတင်းပေးပို့ ကူညီဆောင်ရွက်ပေးကြဖို့ ဘားအံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာ ၇ ရက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မနေ့က စက်တင်ဘာ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နိုင်ငံတော်ကို အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး ဘားအံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထပ်ဆင့်ကြေညာချက်အမိန့်ထုတ်ပြန်လိုက်တာပါ။

ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ခရီးမသွားဖို့၊ အခြေခံစားကုန်တွေကို အတတ်နိုင်ဆုံးစုဆောင်းထားရှိဖို့နဲ့ ရန်သူဖြစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သတင်းအချက်အလက်တွေကို သတင်းပေးပြီး ကူညီဖို့ ဘားအံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

“သူတို့ရဲ့ လှုပ်ရှားမှုပုံစံအမျိုးမျိုးကို သတင်းပေးပို့နိုင်တယ်။ မြို့ထဲ စကစတွေရဲ့ ထူးခြားဖြစ်စဉ်မျိုးတွေကို သတင်းပေးပို့နိုင်တယ်။ မြို့ထဲ သူတို့စစ်ဆေးတဲ့နေရာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ တပ်စွဲထားတာတွေ၊ အရပ်ဝတ်နဲ့ပတ်နေတာတွေ၊ အများပြည်သူသုံးကားတွေနဲ့ အယောင်ဆောင်ပတ်နေတာတွေကို ပေးပို့နိုင်တယ်။ သူတို့ရဲ့ သတင်းတွေကိုရတဲ့အတွက် ဒီကာလမှာ ကြိုတင်ပြင်ဆင်မှုအပိုင်းကို ထိထိရောက်ရောက်လုပ်နိုင်တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၇ ရက်နေ့ကစပြီး အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ပြီးဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရရာနည်းနဲ့ တွန်းလှန်ကြဖို့ ၊စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့၀င်တွေ၊ အရပ်ဘက်ဌာနဆိုင်ရုံးက Non-CDM ၀န်ထမ်းတွေ၊ စစ်ကောင်စီနဲ့ အကျိုးတူပူးပေါင်းလျက်ရှိတဲ့ လူပုဂ္ဂိုလ်တွေအားလုံးအနေနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပါ၀င်ကြဖို့ ဘားအံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရပ်ကွက်ကျေးရွာပြည်သူ့အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေအနေနဲ့ ပြည်သူလူထုဘေးကင်းလုံခြုံဖို့အတွက် စနစ်တကျပူးပေါင်းစီမံဆောင်ရွက်ပြီး စည်းမျဉ်းစည်းကမ်း ကျင့်၀တ်တွေကို လိုက်နာစောင့်ထိန်းကာ ဆက်လက်တော်လှန်ကြဖို့ကိုလည်း ထုတ်ပြေကြေညာခဲ့ပါသေးတယ်။

ဘားအံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဘားအံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဟာ နိုင်ငံတော်အချုပ်အခြာအာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ ခုခံတော်လှန်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook