Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ ကဘောတူတပ်စခန်းကို KNUတိုက်ခိုက်သိမ်းပိုက်

စက်တင်ဘာ ၉ရက် နံနက် ၄နာရီခန့်အချိန်တွင် KNU တပ်မဟာ(၃)မှ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)တပ်နှင့် KNU တပ်မဟာ(၅)မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA ) တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)နှင့် တပ်မဟာ(၅) အကြားရှိ ကဘောတူအရပ်မှ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာ ၉ရက် နံနက် ၄နာရီခန့်အချိန်တွင် KNU တပ်မဟာ(၃)မှ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)တပ်နှင့် KNU တပ်မဟာ(၅)မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA ) တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို KNU လက်အောက်ခံတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အခင်းဖြစ်ပွားသောနေရာနှင့် အနီးတဝိုက်သို့လည်းကောင်း၊ KNU တပ်မဟာ(၅)နယ်မြေ မူတြော်(ဖာပွန်)ခရိုင် လယ်မူပလော ကျေးရွာသို့လည်းကောင်းလေယာဥ်ဖြင့် လာရောက်ကြည့်ရှုထောက်လှမ်းခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဥ်နှင့် ထိခိုက်ကျဆုံးမှုများကို ဆက်လက်ဖော်ပြမည်ဟုလည်း ထုတ်ပြန်ခဲ့သည် တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏ ကဘောတူတပ်စခန်းသည် ကျောက်ကြီးမြို့နယ်အတွင်း တည်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook