Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ၏ ကဘောတူတပ်စခန်းကို KNUတိုက်ခိုက်သိမ်းပိုက်

စက်တင်ဘာ ၉ရက် နံနက် ၄နာရီခန့်အချိန်တွင် KNU တပ်မဟာ(၃)မှ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)တပ်နှင့် KNU တပ်မဟာ(၅)မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA ) တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)နှင့် တပ်မဟာ(၅) အကြားရှိ ကဘောတူအရပ်မှ အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

စက်တင်ဘာ ၉ရက် နံနက် ၄နာရီခန့်အချိန်တွင် KNU တပ်မဟာ(၃)မှ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO)တပ်နှင့် KNU တပ်မဟာ(၅)မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA ) တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အခြေစိုက်တပ်စခန်း ကို KNU လက်အောက်ခံတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အခင်းဖြစ်ပွားသောနေရာနှင့် အနီးတဝိုက်သို့လည်းကောင်း၊ KNU တပ်မဟာ(၅)နယ်မြေ မူတြော်(ဖာပွန်)ခရိုင် လယ်မူပလော ကျေးရွာသို့လည်းကောင်းလေယာဥ်ဖြင့် လာရောက်ကြည့်ရှုထောက်လှမ်းခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဥ်နှင့် ထိခိုက်ကျဆုံးမှုများကို ဆက်လက်ဖော်ပြမည်ဟုလည်း ထုတ်ပြန်ခဲ့သည် တိုက်ခိုက်ခံရသည့် စစ်ကောင်စီ၏ ကဘောတူတပ်စခန်းသည် ကျောက်ကြီးမြို့နယ်အတွင်း တည်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။