Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂျာမနီရုပ်ရှင်ပွဲ​တော်မှာမြင်​တွေ့ရမယ့် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ရဲ့ ရုပ်ရှင်ကားကြီး

ရုပ်ရှင်နမူနာတွင် စိတ်ရောဂါခံစားနေရသည်ဟု ယူဆရသည့် အမျိုးသမီး နှစ်ဦးကို ဇာတ်အိမ်တည် ရိုက်ကူးထားသည်ကိုတွေ့ရသည်။

အိန္ဒြာကျော်ဇင် နှင့် ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့် “What happened to the wolf?” ရုပ်ရှင်ကို Oldenburg International Film Festival ၌ ပြိုင်ပွဲဝင်ဇာတ်ကားအဖြစ်ပြသမည်ဖြစ်သည်။

Oldenburg International Film Festival ကို ဂျာမနီ နိုင်ငံ၌ စက်တင်ဘာ ၁၅ မှ ၁၉ အထိပြုလုပ်မည်ဖြစ်သည်။

“What happened to the wolf?” ရုပ်ရှင် နမူနာကို ယင်းရုပ်ရှင်၏ ဖေ့စ်ဘွတ်ခ်၌ စက်တင်ဘာ ၁၄ ရက်တွင်တင်ပေးခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှုအများအပြားရရှိနေသည်။

ယင်းရုပ်ရှင်ကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးထားခြင်းဖြစ်ပြီး လွင်မိုး ၊အောင်မြင့်မြတ် နှင့် ကျော်ထက်အောင် တို့လည်းပါဝင်အားဖြည့်ထားသည်။

Public Service Announcement

Public Service Announcement

ရုပ်ရှင်နမူနာတွင် စိတ်ရောဂါခံစားနေရသည်ဟု ယူဆရသည့် အမျိုးသမီး နှစ်ဦးကို ဇာတ်အိမ်တည် ရိုက်ကူးထားသည်ကိုတွေ့ရသည်။

ထို့ပြင် ရုပ်ရှင်ပွဲတော်၏ Seymour Cassel Award for Outstanding Performance ဆုအတွက်လည်း မင်းသမီး နှစ်ဦးစလုံး ဆန်ခါတင်အဆင့်အထိပါဝင်နေကြောင်း ​ကြေ
ညာထားသည်။

လက်ရှိတွင် အိန္ဒြာကျော်ဇင်သည် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်ပါဝင်သောကြောင့်ဟုဆိုကာ စစ်​ကောင်စီကဖမ်းဆီး အင်းစိန်ထောင်၌ အကျဥ်းကျခထားပြီး ပိုင်ဖြိုးသု နှင့် ဒါရိုက်တာ ဏကြီး ကိုလည်း ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်ကာ ဝရမ်းပြေးအဖြစ်ကြေညာထားသောကြောင့် ရှောင်တိမ်းနေရသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့ရေတပ် စစ်သင်္ဘောအတွက် စက်ပစ္စည်းများနှင့် နည်းပညာများ ရောင်းချပေးအပ်ခဲ့သည့် အခြားကုမ္ပဏီများကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပေးပါရန် ဂျာမန်အာဏာပိုင်များကို Justice For Myanmar က တောင်းဆိုသည်။

နိုင်ငံတကာ

မာခရွန် ဦးဆောင်တဲ့ အစိုးရ အတွက်တော့ လူကြိုက်နည်းတဲ့ ပင်စင် မူဝါဒကြောင့် ကြုံခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီး နောက်တစ်ခါ အလားတူ မလိုလားစရာ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းကတော့ ကာလရှည်ကြာ ထင်ကြေးပေး စောင့်ကြည့် ခံနေရတဲ့ တန်ပြန်ထိုးစစ်ကြီး စတင်နေပြီဆိုတဲ့ နိုင်ငံတကာ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို အတိအလင်း ဝန်ခံတာ၊ ငြင်းဆန်တာ ဘာမှ မရှိဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

အခုအခါမှာတော့ ဂျာမနီရဲ့ Thyssenkrupp Marine Systems (TKMS)နဲ့ အိန္ဒိယရဲ့ Mazagon Dock Shipbuilders လုပ်ငန်းစုတွေဟာ ရေငုပ်သင်္ဘော ၆ စီးကို အတူပူးပေါင်း ထုတ်လုပ်ဖို့ ကနဦး နားလည်မှု စာချွန်လွှာ တစောင်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။