Connect with us

Hi, what are you looking for?

News

ဂျာမနီရုပ်ရှင်ပွဲ​တော်မှာမြင်​တွေ့ရမယ့် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ရဲ့ ရုပ်ရှင်ကားကြီး

ရုပ်ရှင်နမူနာတွင် စိတ်ရောဂါခံစားနေရသည်ဟု ယူဆရသည့် အမျိုးသမီး နှစ်ဦးကို ဇာတ်အိမ်တည် ရိုက်ကူးထားသည်ကိုတွေ့ရသည်။

အိန္ဒြာကျော်ဇင် နှင့် ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့် “What happened to the wolf?” ရုပ်ရှင်ကို Oldenburg International Film Festival ၌ ပြိုင်ပွဲဝင်ဇာတ်ကားအဖြစ်ပြသမည်ဖြစ်သည်။

Oldenburg International Film Festival ကို ဂျာမနီ နိုင်ငံ၌ စက်တင်ဘာ ၁၅ မှ ၁၉ အထိပြုလုပ်မည်ဖြစ်သည်။

“What happened to the wolf?” ရုပ်ရှင် နမူနာကို ယင်းရုပ်ရှင်၏ ဖေ့စ်ဘွတ်ခ်၌ စက်တင်ဘာ ၁၄ ရက်တွင်တင်ပေးခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှုအများအပြားရရှိနေသည်။

ယင်းရုပ်ရှင်ကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးထားခြင်းဖြစ်ပြီး လွင်မိုး ၊အောင်မြင့်မြတ် နှင့် ကျော်ထက်အောင် တို့လည်းပါဝင်အားဖြည့်ထားသည်။

Public Service Announcement

Public Service Announcement

ရုပ်ရှင်နမူနာတွင် စိတ်ရောဂါခံစားနေရသည်ဟု ယူဆရသည့် အမျိုးသမီး နှစ်ဦးကို ဇာတ်အိမ်တည် ရိုက်ကူးထားသည်ကိုတွေ့ရသည်။

ထို့ပြင် ရုပ်ရှင်ပွဲတော်၏ Seymour Cassel Award for Outstanding Performance ဆုအတွက်လည်း မင်းသမီး နှစ်ဦးစလုံး ဆန်ခါတင်အဆင့်အထိပါဝင်နေကြောင်း ​ကြေ
ညာထားသည်။

လက်ရှိတွင် အိန္ဒြာကျော်ဇင်သည် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်ပါဝင်သောကြောင့်ဟုဆိုကာ စစ်​ကောင်စီကဖမ်းဆီး အင်းစိန်ထောင်၌ အကျဥ်းကျခထားပြီး ပိုင်ဖြိုးသု နှင့် ဒါရိုက်တာ ဏကြီး ကိုလည်း ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်ကာ ဝရမ်းပြေးအဖြစ်ကြေညာထားသောကြောင့် ရှောင်တိမ်းနေရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်အတွက် သူလျှို လုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို လျှော့ချမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် အမေရိကန်နဲ့ ဆွေးနွေးသွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပြောပါတယ်။