Connect with us

Hi, what are you looking for?

News

KNUတပ်မဟာ(၁)က မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ်မှသုံးဦးသေ

ယနေ့ (စက်တင်ဘာ ၂၁ရက်) နံနက်ပိုင်းတွင် စစ်ကောင် စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အီဟယ်ရွာလေးကျေးရွာမှ စောဒါးဟဲ၏ ကျွဲ​လေးကောင် လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ် ပုရစ်ခိုကျေးရွာအနီးတွင်အာဏာ သိမ်းစစ်ကောင်စီ လက်အောက်ခံ စကခ(၈)နှင့် BGF ပူးပေါင်းတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ဟု KNUသထုံခရိုင်က သတင်းထုတ်ပြန် သည်။

စက်တင်ဘာ ၂၀ရက် ည ၁၁နာရီ ၁၅မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်အတွင်းရှိ ဝင်းတာပန်ကျေးရွာBGFစခန်းနှင့် စကခ(၈) ပိန္နဲတောစခန်းအကြား လှုပ်ရှား နေသော စစ်ကောင်စီနှင့်BGFပူးပေါင်းတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ KNUတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း ဖော်ပြသည်။

ယနေ့ (စက်တင်ဘာ ၂၁ရက်) နံနက်ပိုင်းတွင် စစ်ကောင် စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ အီဟယ်ရွာလေးကျေးရွာမှ စောဒါးဟဲ၏ ကျွဲ​လေးကောင် လက်နက်ကြီးထိမှန်သေဆုံးခဲ့သည်ဟု ဆိုသည်။

KNU တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်တွင်လည်း ယနေ့ စစ်ကောင်စီတပ်နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို