Connect with us

Hi, what are you looking for?

News

မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကို စစ်​ကောင်စီတပ် ကားဖြင့်တိုက်ပြီး ပစ်ခတ်ဖြိုခွင်း၊ သံဃာ​တော်​ခြောက်ပါးခန့် ဖမ်းဆီးခံရ

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် မဟာအောင်မြေမြို့နယ်ရှိ ရွှေဘိုကျောင်းတိုက်ကို ပတ်ပတ်လည်ဝိုင်း၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဖြုတ်ချ​ရေး နေ့စဥ်မပျက် ချီတက်ဆန္ဒပြနေသည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို ယ​နေ့​နေ့လည်ပိုင်းက ချီတက်ဆန္ဒပြရန်ထွက်ခွာစဥ် အကြမ်းဖက်စစ်​ကောင်စီတပ်က ကားဖြင့်တိုက်ပြီး ပစ်ခတ်ဖြိုခွင်းရာ သံဃာ​တော်​ခြောက်ပါးခန့် ဖမ်းဆီးခံရကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“သံဃသပိတ်က စထွက်ပြီး ၅ မိနစ်တောင် မရှိသေးဘူး။ စစ်တပ်က အိမ်စီးကားတွေနဲ့ ရောက်လာပြီး ပစ်ခတ်ဝင်ဖမ်းခဲ့တာပါ။ သေနတ်ဖောက်သံတွေလည်း ကြားရတယ်။ ထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးပါဘူး။ ဘုန်းကြီး​ခြောက်ပါးလောက်တော့ အဖမ်းခံလိုက်ရတယ်လို့ ကြားပါတယ် “ဟု မန္တ​လေးမြို့ခံပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် မဟာအောင်မြေမြို့နယ်ရှိ ရွှေဘိုကျောင်းတိုက်ကို ပတ်ပတ်လည်ဝိုင်း၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းသည် စစ်အာဏာ ရှင်ကို ဆန့်ကျင်ကြောင်း နေ့စဥ်မပျက်ဆန္ဒပြ​​နေပြီး ယနေ့( ၂၃၆)ရက်မြောက်အဖြစ် ချီတက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook