Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ပြစ်မှု​တွေကို နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလက ထိရောက်စွာအရေးယူဆောင်ရွက်ဖို့ မြန်မာသံအမတ်ကြီးတောင်းဆို

(၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ ကလေးများ၏ အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့တာပါ။

မြန်မာစစ်တပ် ကျူးလွန်နေသော ဆိုးဝါးတဲ့ပြစ်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂက ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က တောင်းဆိုခဲ့ပါတယ်။

(၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ ကလေးများ၏ အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့တာပါ။

မြန်မာစစ်တပ်ဟာ ကလေးငယ်များရဲ့ လုံခြုံရေးကို စာနာ ထောက်ထားခြင်း မရှိသကဲ့သို့ ပဋိပက္ခအတွင်း ကလေးငယ်များကို ကာကွယ်ရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ ဥပဒေတွေကိုလည်း လိုက်နာလိုခြင်းမရှိဘူးလို့ သံအမတ်ကြီးက ကုလသမဂ္ဂကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကြောင့် အနည်းဆုံး ကလေး ၇၅ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကလေး ၁၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်းနဲ့ မြန်မာနိုင်ငံရှိ ကလေးငယ်များဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် သူတို့ရဲ့ အခွင့်အရေး အားလုံးဆိုးဝါးစွာချိုးဖောက်ခံနေရကြောင်း ဦးကျော်မိုးထွန်းက အစီရင်ခံပါတယ်။

Public Service Announcement

Public Service Announcement

ကလေးများအပေါ် မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အဝန်းကစိုးရိမ်ကြောင်း ထုတ်ဖော်နေပေမယ့် မြန်မာစစ်တပ်ဟာ အရပ်သား ပြည်သူတွေနဲ့ ကလေးတွေအပေါ် ကျူးလွန်သော ဆိုးဝါးတဲ့လုပ်ရပ်တွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ကျူးလွန်နေဆဲဖြစ်တယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်က ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေမှာ နေရာယူထားမှုကို ချက်ချင်းရပ်တန့်ရေး ဆောင်ရွက်ပေးဖို့ ကိစ္စနဲ့ ကလေးများအခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ အစီအစဉ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂကို တောင်းဆိုမေး မြန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။