Connect with us

Hi, what are you looking for?

News

KNUတပ်မဟာ(၁)နယ်မြေတွင် အိမ်စီးကားဖြင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၅ဦးသေ

“ဖြစ်စဉ်ကတော့ မှန်တယ်။ ခလရ(၅၉၈)က သိမ်ဇရပ်ကနေလာတယ်။ လာတော့ အဲဒီ ဝင်းကန်နဲ့ ကျောက်ရေတွင်းကြား မှာ ဖြစ်ခဲ့တယ်။ ထိခိုက်မှုကတော့ ပြောတာ သေတာ ၆ယောက်။ အမျိုသမီးတစ်ယောက်နဲ့ စစ်သားပေါ့။ အဲဒီမှာ သေနတ်ပါတစ်လတ်ရခဲ့တယ်”ဟု တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေတွင် အိမ်စီးကားဖြင့်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ အမျိုးသမီးတစ်ဦးနှင့် စစ်သား ၅ဦးသေဆုံးသွားကြောင်း တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိပ်ဇရပ်နှင့် ရွှေကျင်ကြားတွင် အောင်တိုဘာ ၁၇ရက် ညနေက တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဖြစ်စဉ်ကတော့ မှန်တယ်။ ခလရ(၅၉၈)က သိမ်ဇရပ်ကနေလာတယ်။ လာတော့ အဲဒီ ဝင်းကန်နဲ့ ကျောက်ရေတွင်းကြား မှာ ဖြစ်ခဲ့တယ်။ ထိခိုက်မှုကတော့ ပြောတာ သေတာ ၆ယောက်။ အမျိုသမီးတစ်ယောက်နဲ့ စစ်သားပေါ့။ အဲဒီမှာ သေနတ်ပါတစ်လတ်ရခဲ့တယ်”ဟု တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်စီးကားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာကြောင်းသတင်းရ၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆို သည်။

Public Service Announcement

Public Service Announcement

Salween Press၏ သတင်းဖော်ပြချက်တွင် ပစ်ခတ်မှုအတွင်းသေဆုံးခဲ့သည့်အမျိုးသမီးမှာ တပ်ရင်းမှူးကတော်ဖြစ်ပြီး သေဆုံးသူများထဲတွင် ဒုတိယဗိုလ်အဆင့်ရှိသူကျော်ထွန်းအောင် ပါဝင်ကြောင်း KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားကြောင်းနှင့် လက်နက် တစ်လက်သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းတွင် သိမ်ဇရပ်ရှိ စစ်ကောင် စီ ခမရ (၂၀၇)တပ်နှင့် ခမရ (၅၉၈)တပ်တို့ ပူးပေါင်း နယ်မြေရှင်းလင်းခဲ့ကြသည်ဟု ဆိုသည်။

KNU တပ်မဟာ(၁)နယ်မြေတွင် စက်တင်ဘာအတွင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဓာတ်ပုံ – Salween Press

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook