Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ သူတို့နောက်လိုက်တပည့်တွေကို ဒဏ်ခတ်အရေးယူနိုင်ရေး နိုင်ငံတကာနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ ကုလကို မြန်မာသံအမတ်ကြီးပြော

စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို ကျည်ဆန်အစစ်တွေနဲ့ လွန်စွာ အင်အား သုံးပစ်ခတ်ခြင်း၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ ဥပ‌ဒေနဲ့အညီ အယူခံလျှောက်ထားခွင့်ကို ပိတ်ပင်ထားခြင်း၊ စွပ်စွဲခံထားရသူများအနေနဲ့ ဥပဒေကြောင်းအရ ကိုယ်စားပြုမှုမရရှိခြင်း စတာတွေ ချိုးဖောက်နေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂကို အစီရင်ခံပါတယ်။

မြန်မာစစ်တပ်အဆင့်မြင့်အရာရှိတွေနဲ့ သူတို့ရဲ့လက် အောက်ခံ အဆင့်ဆင့်တပည့်တွေ တာဝန်ခံမှု ရှိစေရေး၊ ဒဏ်ခတ်အရေးယူနိုင်ရေးအတွက် နိုင်ငံတကာအသိုက် အဝန်းနဲ့ နီးကပ်စွာပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာမှုရှိစေဖို့ အာဆီယံ၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေအတွက် တရားစီရင်ရေးခုံရုံး၊ ဒေသတွင်းနဲ့ ဒေသအပြင်ရှိ နိုင်ငံများအပါအဝင် နိုင်ငံတကာသိုက်အဝန်းနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မယ် လို့ မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ မျက်နှာစုံညီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူတွေကို ကျည်ဆန်အစစ်တွေနဲ့ လွန်စွာ အင်အား သုံးပစ်ခတ်ခြင်း၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ ဥပ‌ဒေနဲ့အညီ အယူခံလျှောက်ထားခွင့်ကို ပိတ်ပင်ထားခြင်း၊ စွပ်စွဲခံထားရသူများအနေနဲ့ ဥပဒေကြောင်းအရ ကိုယ်စားပြုမှုမရရှိခြင်း စတာတွေ ချိုးဖောက်နေတယ်လို့ သံအမတ်ကြီးက ကုလသမဂ္ဂကို အစီရင်ခံပါတယ်။

နောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ကနဦးရရှိတဲ့ သက်သေခံအချက်များအပေါ် ရှေ့ပြေးကောက်ချက်ချမှုအရ စစ်တပ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်းနဲ့ တိုင်းရင်းသားတွေအပေါ် ဖိစီးနှိပ်စက်မှု၊ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖမ်းမှု၊ လူမဆန်စွာနှိပ်စက်မှုတို့ကို ကျူးလွန်တာကို တွေ့ရတယ်လို့ ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ အဲဒီပြစ်မှုတွေအပေါ် တရားစီရင်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရဟာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိပြီး ၂၀၀၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံ အတွင်း ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာပြစ်မှုတွေကို ICC ရဲ့တရားစီရင်ထုံးနဲ့အညီစီရင်ဖို့ လက်ခံထားတယ်လို့ သံအမတ်ကြီးက ထပ်လောင်းပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။