Connect with us

Hi, what are you looking for?

LuduNwayOo

News

အမျိုးသမီးများနဲ့ ကလေးသူငယ်များအပေါ် စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံကို မြန်မာအမျိုးသမီးအဖွဲ့အစည်းငါးခု တောင်းဆို

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး ကြီးမားတဲ့အသက်အန္တရာယ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီက သတိပေးထားပါတယ်။

မြန်မာစစ်အုပ်စုက အမျိုးသမီးများနဲ့ ကလေးသူငယ်များအပေါ် ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေခြင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံကို မြန်မာအမျိုးသမီးအဖွဲ့အစည်း ငါးခုက တောင်းဆိုလိုက်ပါတယ်။

အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့် အရေး ကာကွယ်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ ကော်မရှင် (ACWC)အနေနဲ့ နှုတ်ဆိတ်ခြင်း၊ ပျက်ကွက်ခြင်း ပြုလုပ်နေတာကို အဆုံးသတ်ဖို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ Sister 2 Sisters ၊ Women Advocacy Coalition၊ Women Alliance Burma နဲ့ Progressive Voice စတဲ့ မြန်မာအမျိုးသမီးအဖွဲ့အစည်းငါးခုက တောင်းဆိုထားတာပါ။

ACWC ဟာ မြန်မာနိုင်ငံကိုယ်စားလှယ်တွေအဖြစ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမျိုးသမီးနှစ်ဦးကို ခန့်အပ်ခဲ့ပြီး အဲဒီခန့်အပ်ခဲ့တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ တရားဝင်မှုမရှိတဲ့ အပြင် သနားညှာတာမှုမရှိဘဲ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် မြန်မာပြည်သူတွေအပေါ် ရှစ်လကျော်တိုင် အကြမ်းဖက်ခြိမ်းခြောက်နေတဲ့ စစ်အုပ်စုကိုသာ ကိုယ်စားပြုတာ ကြောင့်အပြင်းအထန်ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၀ ရက်အထိ မှတ်တမ်းများအရ အကြမ်းဖက်စစ်တပ်ရဲ့သတ်ဖြတ်ခံရသူ ၁၁၈၁ ဦးထဲမှာ အမျိုးသမီး ၈၄ ဦးပါဝင်ပြီး မတရားဖမ်းဆီးခံရသူ ၉၀၇၃ ဦးမှာ အမျိုးသမီး ၁၈၈၅ ဦး ကျော် ပါဝင်တယ်လို့ မြန်မာအမျိုးသမီးအဖွဲ့အစည်းငါးခုက ထုတ်ပြန်ပါတယ်။ အဲဒီလို သတ်ဖြတ်၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ ကလေးငယ်၊ အမျိုးသမီးငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး ကြီးမားတဲ့အသက်အန္တရာယ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီက သတိပေးထားပါတယ်။

မြန်မာနိုင်ငံအကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး စစ်အုပ်စု ဒါမှမဟုတ် သူတို့လက်အောက်ခံကိုယ်စား လှယ်တွေ မပါဝင်ဘဲ အထက်ပါမြန်မာအမျိုးသမီးအဖွဲ့အစည်း ငါးခုအပါအဝင် အခြားနယ်ပယ်အသီးသီးက မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အထူးအစည်း အဝေးတစ်ရပ် ခေါ်ယူကျင်းပဖို့ ACWCကို တောင်းဆိုထုတ်ပြန်ပါတယ်။

(ဇူလိုင်၂၅ရက်က မုံရွာပင်မအမျိုးသမီးသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် မီးတုတ်များကိုင်၍ ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ – ပြည်သူမီဒီယာကွန်ရက်-မုံရွာ)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

နိုဝင်ဘာ ၁၁ရက် ယမန်နေ့က ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်း၌ ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။