Connect with us

Hi, what are you looking for?

News

အမျိုးသမီးများနဲ့ ကလေးသူငယ်များအပေါ် စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံကို မြန်မာအမျိုးသမီးအဖွဲ့အစည်းငါးခု တောင်းဆို

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး ကြီးမားတဲ့အသက်အန္တရာယ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီက သတိပေးထားပါတယ်။

မြန်မာစစ်အုပ်စုက အမျိုးသမီးများနဲ့ ကလေးသူငယ်များအပေါ် ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေခြင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံကို မြန်မာအမျိုးသမီးအဖွဲ့အစည်း ငါးခုက တောင်းဆိုလိုက်ပါတယ်။

အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့် အရေး ကာကွယ်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ ကော်မရှင် (ACWC)အနေနဲ့ နှုတ်ဆိတ်ခြင်း၊ ပျက်ကွက်ခြင်း ပြုလုပ်နေတာကို အဆုံးသတ်ဖို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ Sister 2 Sisters ၊ Women Advocacy Coalition၊ Women Alliance Burma နဲ့ Progressive Voice စတဲ့ မြန်မာအမျိုးသမီးအဖွဲ့အစည်းငါးခုက တောင်းဆိုထားတာပါ။

ACWC ဟာ မြန်မာနိုင်ငံကိုယ်စားလှယ်တွေအဖြစ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမျိုးသမီးနှစ်ဦးကို ခန့်အပ်ခဲ့ပြီး အဲဒီခန့်အပ်ခဲ့တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ တရားဝင်မှုမရှိတဲ့ အပြင် သနားညှာတာမှုမရှိဘဲ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပါအဝင် မြန်မာပြည်သူတွေအပေါ် ရှစ်လကျော်တိုင် အကြမ်းဖက်ခြိမ်းခြောက်နေတဲ့ စစ်အုပ်စုကိုသာ ကိုယ်စားပြုတာ ကြောင့်အပြင်းအထန်ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၀ ရက်အထိ မှတ်တမ်းများအရ အကြမ်းဖက်စစ်တပ်ရဲ့သတ်ဖြတ်ခံရသူ ၁၁၈၁ ဦးထဲမှာ အမျိုးသမီး ၈၄ ဦးပါဝင်ပြီး မတရားဖမ်းဆီးခံရသူ ၉၀၇၃ ဦးမှာ အမျိုးသမီး ၁၈၈၅ ဦး ကျော် ပါဝင်တယ်လို့ မြန်မာအမျိုးသမီးအဖွဲ့အစည်းငါးခုက ထုတ်ပြန်ပါတယ်။ အဲဒီလို သတ်ဖြတ်၊ ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ ကလေးငယ်၊ အမျိုးသမီးငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး ကြီးမားတဲ့အသက်အန္တရာယ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလ သမဂ္ဂကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီက သတိပေးထားပါတယ်။

မြန်မာနိုင်ငံအကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး စစ်အုပ်စု ဒါမှမဟုတ် သူတို့လက်အောက်ခံကိုယ်စား လှယ်တွေ မပါဝင်ဘဲ အထက်ပါမြန်မာအမျိုးသမီးအဖွဲ့အစည်း ငါးခုအပါအဝင် အခြားနယ်ပယ်အသီးသီးက မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အထူးအစည်း အဝေးတစ်ရပ် ခေါ်ယူကျင်းပဖို့ ACWCကို တောင်းဆိုထုတ်ပြန်ပါတယ်။

(ဇူလိုင်၂၅ရက်က မုံရွာပင်မအမျိုးသမီးသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် မီးတုတ်များကိုင်၍ ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ – ပြည်သူမီဒီယာကွန်ရက်-မုံရွာ)

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။