Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးနန်းတွင်းထဲ စစ်အုပ်စုခေါင်းဆောင်ရောက်နေလို့ မြို့တွင်းမှာ လုံခြုံရေးအပြည့်ချထား

ဒီနေ့မနက်ပိုင်းက စစ်ကောင်စီခေါင်းဆောင်လိုက်ပါလာတဲ့ ရဟတ်ယာဉ် ၂ စီး မန္တလေးကို ဆင်းသက်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

မန္တလေးနန်းတွင်းထဲကို စစ်ကောင်စီခေါင်းဆောင်ရောက်ရှိနေတယ်လို့သတင်းတွေထွက်နေပြီး မြို့ပေါ်က အဓိက လမ်းမတွေ ၊ နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ လုံခြုံရေးယူထားပါတယ်။

ဒီနေ့မနက်ပိုင်းက စစ်ကောင်စီခေါင်းဆောင်လိုက်ပါလာတဲ့ ရဟတ်ယာဉ် ၂ စီး မန္တလေးကို ဆင်းသက်ခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ၂၆ လမ်း ကျုံးဘေးတလျှောက် ကနေ မန္တလေးတက္ကသိုလ် မိန်းလမ်းမကြီး မှာ စစ်ကောင်စီတပ်တွေ ချထားတာတွေ့ရပါတယ်။

မန္တလေးကျုံးပတ်လည် ၊ မန္တလေးဈေးချို ၊ မြို့တွင်းလမ်းတွေမှာလည်း အင်အားအပြည့်နဲ့ စစ်ကောင်စီတပ်တွေ နေရာယူထားကြပါတယ်။

ဒါအပြင် လမ်းသွားလမ်းလာ ကားတွေ ၊ဆိုင်ကယ်တွေကိုလည်း စစ်ဆေးနေပါတယ်။

Public Service Announcement

Public Service Announcement