Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်တွင် ၁၅ရက်အတွင်း စစ်ကောင်စီတပ်မှ ၇၀နီးပါးသေဟု KNU ထုတ်ပြန်

ယခုလအတွင်း KNU တပ်မဟာ(၅)၊ တပ်မဟာ(၂)နှင့် တပ်မဟာ(၁) နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်တွင် ယခု နိုဝင်ဘာလဝက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးအဆင့်အပါအဝင် ၆၉ဦးသေဆုံးခဲ့သည်ဟု KNU ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနကယမန်နေ့ညပိုင်းက သတင်းထုတ်ပြန်သည်။

တပ်မဟာ(၅)နယ်မြေအတွင်း နိုဝင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း တိုက်ပွဲ ၈၇ ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲများတွင် KNU တပ်ဖွဲ့ဝင်များဘက်က ထိခိုက် ကျဆုံးမှုရှိ၊မရှိကို ဖော်ပြမထားပေ။

အာဏာသိမ်းစစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့များမှ ကျေးရွာအတွင်းနှင့်ပြည်သူလူထု အလုပ်ခွင်အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုလအတွင်း KNU တပ်မဟာ(၅)၊ တပ်မဟာ(၂)နှင့် တပ်မဟာ(၁) နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook