Connect with us

Hi, what are you looking for?

News

မြစ်ဆုံဒေသ ရွှေတူးဖော်မှုရပ်ဆိုင်းထားရန် CRKH သတိပေးချက်ထုတ်ပြန်

နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ရွှေတူးဖော်နေကြသည့် ကုမ္ပဏီများနှင့် ရွှေတူးဖော်နေသော သူများမှ တာဝန်ခံရမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေး ထုတ်ပြန်သည်ဟုလည်း ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ဆုံဒေသ၌ စက်ယန္တရားများအသုံး ပြုပြီး အကြီးစားရွှေတူးဖော်မှုအာရပ်ဆိုင်းထားရန် ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH)က ယ​နေ့( နိုဝင်ဘာ ၂၆)ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

CRKHသည် ကချင်ပြည်နယ်ရှိ မဲဆန္ဒရှင် ပြည်သူများမှ အပ်နှင်းထားသော အခွင့်အာဏာကို ကျင့်သုံးလျက် ယခု အမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထား သည်။

သဘာ၀ပတ်ဝန်းကျင် မြစ်ချောင်းများထိခိုက်ပျက်စီးစေပြီး မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာ၀တီမြစ်ဆုံဒေသ(မလိခ) တွင် ယန္တရားများဖြင့် အကြီးစားရွှေတူးဖော်မှုကို တွေ့ရ၍ ထိုသို့ တူးဖော်နေသော တရားမဝင် စစ်ကောင်စီနှင့် အပေါင်းအပါများဖြစ်သည့် ခရိုနီစီးပွားရေး လုပ်ငန်းရှင်များကို ယခု အမိန့်ကေညာချက် ထုတ်ပြန်သည့်အချိန်မှစ၍ ရွှေတူးဖော်မှုအား ရပ်ဆိုင်းထားရန် CRKHက ထုတ်ပြန်သည်။

နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို ရွှေတူးဖော်နေကြသည့် ကုမ္ပဏီများနှင့် ရွှေတူးဖော်နေသော သူများမှ တာဝန်ခံရမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေး ထုတ်ပြန်သည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်တို့တွင် စည်းကမ်းပျက် ရွှေတူးဖော်မှုများကို စက်ယန္တရားများအသုံးပြုလုပ်ဆောင်နေခြင်းကြောင့် မြစ်ဆုံဒေသ ပျက်စီးမည့် အန္တရာယ် ကြုံတွေ့နေရသကဲ့သို့ စစ်ရှောင်များ၏ အိမ်ခြံမြေများ ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံနှင့် စစ်ရှောင်အချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ချီဖွေဒေသမှာ ကန့်သတ်ထားတဲ့နေရာတွေမှာ ရွှေမတူးဖော်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က တားမြစ်လိုက်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန က အောက်တိုဘာ ၈ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

သတင်း

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။