Connect with us

Hi, what are you looking for?

News

သာကေတတွင် ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရ

“အခုလက်ရှိ စခနဲ့ ရခတွေ ရောက်လာပြီး အဲဒီနံနက်ခင်းလက်ဘက်ရည်ဆိုင်က CCTV တွေ စစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သာကေတမြို့နယ် (၆)အရှေ့ရပ်ကွက်တွင် ဒလန်ဆိုသူဝင်းကြိုင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူသည် စစ်ကောင်စီလက်​အောက်ခံ ဆယ်အိမ်မှူးတစ်ဦးဖြစ်ပြီး ယနေ့(ဒီဇင်ဘာ ၁)နံနက် ၈ နာရီခွဲခန့်တွင် ဝေဇယန္တာ(၁၃)လမ်းထိပ်ရှိ လက်ဘက်ရည်ဆိုင်၌ ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုလက်ရှိ စခနဲ့ ရခတွေ ရောက်လာပြီး အဲဒီနံနက်ခင်းလက်ဘက်ရည်ဆိုင်က CCTV တွေ စစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်ကလည်း စစ်ကောင်စီ ၏​ထောက်တိုင်များဖြစ်သော လျှပ်စစ်ဓာတ်အားခွဲရုံ၌ အစောင့်ချထားသည့် စစ်ကောင်စီတပ်သားအချို့ ပစ်ခတ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

(ပုံဟောင်း – ဒလန်များသတင်းပေးမှုကိုအခြေခံပြီး စစ်ကောင်စီတပ်များ သာကေတမြို့နယ်အတွင်း ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့စဉ်)

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အမျိုးသမီး ၁ဦးကို စစ်တပ်သတင်းပေး (ဒလန်)လို့ စွပ်စွဲပြီး ရှင်းလင်းလိုက်တဲ့အပေါ် ဒလန်ဖြစ်ကြောင်း သက်သေပြပေးဖို့ သေဆုံးသူရဲ့ သားဖြစ်သူက လူမှုကွန်ရက်ကနေ တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊သာကေတမြို့နယ် ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင်ဝင် တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။