Connect with us

Hi, what are you looking for?

LuduNwayOo

News

သာကေတတွင် ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရ

“အခုလက်ရှိ စခနဲ့ ရခတွေ ရောက်လာပြီး အဲဒီနံနက်ခင်းလက်ဘက်ရည်ဆိုင်က CCTV တွေ စစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သာကေတမြို့နယ် (၆)အရှေ့ရပ်ကွက်တွင် ဒလန်ဆိုသူဝင်းကြိုင် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူသည် စစ်ကောင်စီလက်​အောက်ခံ ဆယ်အိမ်မှူးတစ်ဦးဖြစ်ပြီး ယနေ့(ဒီဇင်ဘာ ၁)နံနက် ၈ နာရီခွဲခန့်တွင် ဝေဇယန္တာ(၁၃)လမ်းထိပ်ရှိ လက်ဘက်ရည်ဆိုင်၌ ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုလက်ရှိ စခနဲ့ ရခတွေ ရောက်လာပြီး အဲဒီနံနက်ခင်းလက်ဘက်ရည်ဆိုင်က CCTV တွေ စစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်ကလည်း စစ်ကောင်စီ ၏​ထောက်တိုင်များဖြစ်သော လျှပ်စစ်ဓာတ်အားခွဲရုံ၌ အစောင့်ချထားသည့် စစ်ကောင်စီတပ်သားအချို့ ပစ်ခတ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

(ပုံဟောင်း – ဒလန်များသတင်းပေးမှုကိုအခြေခံပြီး စစ်ကောင်စီတပ်များ သာကေတမြို့နယ်အတွင်း ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့စဉ်)

ဆက်စပ်သတင်းများ

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

ဘုရားသုံးဆူမြို့ရှိ အလှပြင်ဆိုင်တစ်ခုအတွင်း ရောက်ရှိနေသော စစ်ကောင်စီလက်အောက်ခံ ခလရ(၉၇)တပ် ဒုတပ်ရင်းမှူး အေးချမ်းအား နဂါးနီးစစ်ကြောင်းကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

သတင်း

ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ပစ်ခတ်အရေးယူလျှက်ရှိရာ အောက်တိုဘာ ၂၉ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ကျော်သူနှင့် အတူးဆိုသူနှစ်ဦးကို ဘော်ဘင်ဆည်အနီး၌ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။