မြောက်ဥက္ကလာပမြို့နယ်ရှိ အဝိုင်း၌ “ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး” စာတန်း ချိတ်ဆွဲပြီး လမ်းမပေါ် ဆေးနီပက်ဖြန်းသည့် လှုပ်ရှားမှု ယနေ့ (ဒီဇင်ဘာ ၃ ရက်) ပြုလုပ်ခဲ့သည်။
လွန်ခဲ့သည့် (၉)လက ယခုလိုနေ့တွင် မြောက်ဥက္ကလာ အဝိုင်း၌ ကျဆုံးခဲ့ကြသော ကျောင်းသား၊ ပြည်သူများအား အလေးအမြတ်ပြုရည်ရွယ်သည့် လှုပ်ရှားမှုဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

မတ်လ ၃ရက်က မြောက်ဥက္ကလာပမြို့နယ်၌ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့်အတူ စုရုံးပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေကြသည့် ကျောင်းသား၊ပြည်သူများကို ဖက်ဆစ်စစ်အုပ်စုက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျောင်းသား၊ပြည်သူ ၁၀ဦးထက်မနည်း ကျဆုံးခဲ့သည်။
ပြည်သူများအနေဖြင့်လည်း ပေးဆပ်သူများ၏ သွေးခင်းလမ်းကို လျှောက်လှမ်းပြီး သွေးမအေးဘဲ ပြည်သူ့တော်လှန်ရေး ကြီးမှာဆက်လက်ပါဝင်နေကြရန်လည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တိုက်တွန်းသည်။

Public Service Announcement

ထို့အပြင် မြို့ပြများတွင် စစ်အုပ်စုကို လုံးဝအုပ်ချုပ်ခွင့်မပေးဘဲ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ကြွေးကြော်သံကို စွဲကိုင်ကြရန် နှင့် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုများဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရန် မေတ္တာရပ်ခံထားသည်။
