Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာပက ဒဂုံတက္ကသိုလ်​ကျောင်းသားများသမဂ္ဂရဲ့ လှုပ်ရှားမှု

ပြည်သူများအနေဖြင့်လည်း ပေးဆပ်သူများ၏ သွေးခင်းလမ်းကို လျှောက်လှမ်းပြီး သွေးမအေးဘဲ ပြည်သူ့တော်လှန်ရေး ကြီးမှာဆက်လက်ပါဝင်နေကြရန်လည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တိုက်တွန်းသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အဝိုင်း၌ “ပေတရာပေါ်မှာစီးတဲ့သွေးတွေ မခြောက်သေးဘူး” စာတန်း ချိတ်ဆွဲပြီး လမ်းမပေါ် ​ဆေးနီပက်ဖြန်းသည့် လှုပ်ရှားမှု ယနေ့ (ဒီဇင်ဘာ ၃ ရက်) ပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် (၉)လက ယခုလိုနေ့တွင် မြောက်ဥက္ကလာ အဝိုင်း၌ ကျဆုံးခဲ့ကြသော ကျောင်းသား၊ ပြည်သူများအား အလေးအမြတ်ပြုရည်ရွယ်သည့် လှုပ်ရှားမှုဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်သည်။

မတ်လ ၃ရက်က မြောက်ဥက္ကလာပမြို့နယ်၌ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့်အတူ စုရုံးပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေကြသည့် ​ကျောင်းသား၊ပြည်သူများကို ဖက်ဆစ်စစ်အုပ်စုက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျောင်းသား၊ပြည်သူ ၁၀ဦးထက်မနည်း ကျဆုံးခဲ့သည်။

ပြည်သူများအနေဖြင့်လည်း ပေးဆပ်သူများ၏ သွေးခင်းလမ်းကို လျှောက်လှမ်းပြီး သွေးမအေးဘဲ ပြည်သူ့တော်လှန်ရေး ကြီးမှာဆက်လက်ပါဝင်နေကြရန်လည်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြို့ပြများတွင် စစ်အုပ်စုကို လုံးဝအုပ်ချုပ်ခွင့်မပေးဘဲ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ကြွေးကြော်သံကို စွဲကိုင်ကြရန် နှင့် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုများဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။