Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်တပ်ယာဉ် မိုင်းဖြင့်တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေ၊ PDF တစ်ဦးကျ

ပစ်ခတ်ချိန်နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ယင်းနေရာသို့ တပ်အင်အားဖြည့်တင်းနေကြောင်း ၎င်းက ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံရွာအနီး၌ စစ်ကောင်စီတပ်ယာဉ်ကို မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် ထိခိုက်ဒဏ်ရာရနိုင်ကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ အင်အား ၆၈ဦးပါသည့် ယာဉ် နှစ်စီးသည် ဒီဇင်ဘာ ၅ရက်က ထီးချိုင့်မြို့နယ် တုံလုံရွာ၌ တပ်စွဲခဲ့ရာ ယနေ့မနက်တွင် PDF တပ်ဖွဲ့ဝင် များက မိုင်း ဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခြင်းလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“မိုင်းကွဲတော့ တစ်စီးက တော်တော်ထိသွားတယ်။ မိုင်းနှစ်လုံးက တစ်စီးတည်းကို ထိသွားတော့ စစ်ကောင်စီဘက်က ကားပေါ်မှာ ထကို မထနိုင်ဘူး။ ကားလမ်းဘေး ထိုးကျပြီးမထနိုင်လောက်အောင် မိုင်းဒဏ်ခံသွားရတယ်။ ကျန်တဲ့ တစ်စီးက ကျွန်တော်တို့ တပ်ဖွဲ့ ပြန်ဆုတ်တဲ့အချိန်ပစ်တဲ့အခါကျတော့ ကျွန်တော်တို့ ဆီက ကလေး နှစ်ယောက်လက်နက်ကြီးထိသွားတာ။ တစ်ယောက်က ဒဏ်ရာရတယ် တစ်ယောက်က ကျဆုံးသွားတယ်” ဟု PDF တပ်ဖွဲ့ဝင်က ပြောသည်။

ပစ်ခတ်ချိန်နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ယင်းနေရာသို့ တပ်အင်အားဖြည့်တင်းနေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကချင်ပြည်နယ်ဘက်မှလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ထီးချိုင့် PDFက နေရာ ၈နေရာ၌ မိုင်းခွဲတိုက်ခိုက်ခဲ့၍ ယာဉ်နှစ်စီးထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ