Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်တွင် KNU/PDF ပူးပေါင်းတိုက်ခိုက် စစ်ကောင်စီတပ်မှ လေးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

ဒီဇင်ဘာ ၆ရက်တွင်ပင် ဖလပ်ခိုဒေသတွင်း စစ်ကောင်စီတပ်ရင်း တစ်ခုနှင့် ဖလပ်ခို – ကူဒေး ဒေသတွင် တစ်ကြိမ် ဝါကလေတူ ဒေသတွင် တစ်ကြိမ် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်ကို KNUလက် အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်တစ်ခုဖြစ်သည့် ခမရ (၄၀၇)စစ်ကြောင်း တစ်ကြောင်းသည် ဒီဇင်ဘာ ၆ရက်တွင် မထောကျေးရွာမှ စတင်ထွက်ခွာလာရာ မြေနီကုန်းနှင့် ထီးဂေလို ကြားအရောက်တွင် KNLAက ဆွဲမိုင်းဖြင့် ကြားဖြတ်တိုက်ခိုက်ခံရ၍ စစ်ကောင်စီတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းနေ့ တစ်ရက်တည်း၌ပင် KNLAနှင့် PDFများ ပူးပေါင်းကာ အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ပြောက်ကျားနည်းဖြင့် ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရှိခဲ့သည်ဟု ထုတ်ပြန်သည်။ KNLA ဘက်မှ သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာ ၆ရက်တွင်ပင် ဖလပ်ခိုဒေသတွင်း စစ်ကောင်စီတပ်ရင်း တစ်ခုနှင့် ဖလပ်ခို – ကူဒေး ဒေသတွင် တစ်ကြိမ် ဝါကလေတူ ဒေသတွင် တစ်ကြိမ် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းတိုက်ပွဲနှစ်ကြိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး အတိအကျ မသိရသော်လည်း တိုက်ပွဲအပြီး နေရာရှင်းလင်းစဉ် စစ်ကောင်စီ၏ အလောင်းတစ်လောင်း ကျန်ရှိခဲ့သည်ဟု ဖော်ပြထားသည်။

KNUတပ်မဟာ(၂)နှင့် တပ်မဟာ(၃) နယ်မြေများ၌ စစ်ရေးလှုပ်ရှားမှု အခြေအနေများကိုလည်း တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။

တောင်ငူခရိုင် တပ်မဟာ(၂) ထိန်းချုပ်နယ်မြေတွင် ဒီဇင်ဘာ ၄ရက်က စစ်ကောင်စီတပ်မှ ကားသုံးစီးသည် မြင်းလား ၁၈ကောင်အား တင်ဆောင်လာကြောင်း၊ တပ်မဟာ(၃) နယ်မြေတွင်လည်း အကြမ်းဖက် စစ်ကောင်စီမှ ဒရုန်းများ စေလွှတ်ကာ KNLA အမှတ်(၇) တပ်ရင်းဌာနချုပ်နေရာနှင့် ယင်းဒေသတစ်၀ိုက်ကို ညစဉ်လာရောက်ထောက်လှမ်းနေကြောင်း ဖော်ပြထားသည်။

တပ်မဟာ(၃) တပ်ရင်း (၉) ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ် ၁၀စီးသည် ၎င်း၏ တပ်ရင်း ခလရ(၆၀) သံဘိုစခန်းသို့ စစ်သားများအပြည့် တင်ဆောင်ရောက်ရှိလာရာ ထိုမှတစ်ဆင့် မူသယ်ဒေသဘက်သို့ ခြေလျင်ဖြင့် ထွက်ခွာသွားကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

(KNU တပ်မဟာ(၅)၏ ကရင်တော်လှန်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီ၃၁ရက်က ကျင်းပနေစဥ် ၊ ဓာတ်ပုံ – PS)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook