Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိ၍ (၃)နှစ်အရွယ်ကလေးနှင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရ

လက်နက်ကြီးကျည် အပိုင်းအစထိမှန်သူများမှာ သစ်သီးခြံစောင့်သူနှင့်သစ်သီးလာရောက် ဝယ်ယူသူတို့ဖြစ်ကြကာ ဒဏ်ရာမပြင်းထန်၍ နေအိမ်မှာ ဆေးကုသမှု ခံယူနေ သည်ဟု ဆိုသည်။

ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမ၊ ဒွန်ဘုံးကျေးရွာအနီး လယ်ကွင်းတစ်နေရာတွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာသည့်စစ်ကောင်စီတပ် ခလရ (၈၆)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက် (၃)နှစ်အရွယ် ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

ယမန်​နေ့ (ဒီဇင်ဘာလ ၁၀ ရက်)နေ့လယ် ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်၍ (၃)နှစ်အရွယ် ကလေးမှာလည်ပင်းတွင် ကျည်စထိမှန်ခဲ့ကာ ဒေါ် အင်ခွန်ခါးတောမ်ဆိုမှာ ခြေသ လုံး၌လည်းကောင်း ၊ ဒေါ်အေးခိုင်ဆိုသူမှာ ဦးခေါင်းတွင် လည်း​ကောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြသည်။

လက်နက်ကြီးကျည် အပိုင်းအစထိမှန်သူများမှာ သစ်သီးခြံစောင့်သူနှင့်သစ်သီးလာရောက် ဝယ်ယူသူတို့ဖြစ်ကြကာ ဒဏ်ရာမပြင်းထန်၍ နေအိမ်မှာ ဆေးကုသမှု ခံယူနေ သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook