Connect with us

Hi, what are you looking for?

News

“ကျွန်​တော်တို့​လက်ခံထားတဲ့လူကို စည်း​စောင့်ဖို့လိုတယ်”​

လေး​ကေ​ကော်မြို့သစ်ထဲထိ စစ်​ကောင်စီတပ်​တွေဝင်ဖမ်းခဲ့တဲ့အ​ပေါ် KNU တာဝန်ရှိသူ​ပြော

မြဝတီမြို့အနီးမှာရှိတဲ့ ကေအဲန်ယူရဲ့ လေးကေကော်မြို့သစ်ထဲကို ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတက်​တွေဝင်ရောက်ဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်လို့ ဒီလုပ်ရပ်ဟာ လူသားချင်းစာနာထောက်ထားမှုကို လုံးဝချိုးဖောက်တာပဲလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ လေးကေကော်မြို့သစ်ထဲမှာ​နေထိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အရင်က လေးကေကော်မြို့သစ်ထဲကို လာရောက်ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်လေ့ရှိပေမယ့် ဒီတစ်ခေါက်မှာတော့ အင်အားအများအပြားနဲ့ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တဲ့အပြင် လူအချို့ကိုပါ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

“ကျနော်တို့ ထူးထူးခြားခြားပြောစရာတော့ မရှိဘူး။ ဒါလူသားချင်းစာနာထောက်ထားမှု အနေအရ ကျနော်တို့ လက်ခံထားတဲ့လူ အဲ့ဒါကိုစည်းစောင့်ဖို့လိုတယ်။ ကျနော်ဒါပဲပြောချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလူတွေက အသက်ဘေးကနေ တိမ်းရှောင်နေရတဲ့လူ ကျနော်တို့ လူသားချင်းစာနာမှုထောက်ထားတဲ့ ရှုထောင့်ကနေပြီးတော့ ကျနော်တို့လက်ခံထားတဲ့လူတွေပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပေ့ါလေ ဒါကတော့ လေးစားလိုက်နာဖို့လိုတယ်။ အခုဖြစ်နေတဲ့ကိစ္စ အဲ့ဒီအချက်အလက်တွေကို လုံးဝမလေးစားဘူးဆိုတာ ရှင်းနေတာပဲလေ။ လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ တကမ္ဘာလုံးက လက်ခံကျင့်သုံးနေတဲ့ဥပဒေကို လုံးဝချိုးဖောက်တာပဲ” လို့ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဝင်ရောက်ရှာဖွေဖမ်းဆီးစစ်ဆေးနေတာတွေပြုလုပ်ခဲ့လို့ ဒေသခံတွေတချို့ တိမ်းရှောင်ထွက်ပြေးနေခဲ့ရပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားမှာကို ဒေသခံတွေကလည်း စိုးရိမ်မှုတွေရှိနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook