Connect with us

Hi, what are you looking for?

News

အခွင့်သာလျင် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းယူရန် တပ်မဟာအားလုံးကို KNU ညွှန်ကြား

စစ်ကောင်စီတပ်အနေဖြင့် နယ်မြေစိုးမိုးရေးအတွက် တည်ဆောက်ထားသည့် စခန်းများရှိကြောင်း၊ လက်ရှိအချိန်သည် ပြည်တွင်း၌ လူထု၏ တွန်းလှန်မှုနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ လက်တွဲညီညီဖြင့် စစ်ရေး၊ နိုင်ငံရေးအောင်မြင်မှုရရှိရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

(KNU တပ်မဟာ(၅)၏ ကရင်တော်လှန်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီ၃၁ရက်က ကျင်းပနေစဥ် ၊ ဓာတ်ပုံ - PS)

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် တော်လှန်ရေးကို အရှိန်မြှင့်သည့် အနေဖြင့် အာဏာ သိမ်းစစ်ကောင်စီတပ်စခန်းများကို အခွင့်သာပါက တိုက်ခိုက်သိမ်းယူရန် ၎င်း၏ ခရိုင်နှင့် တပ်မဟာ ခုနစ်ခုစလုံးသို့ ညွှန်ကြားထားကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက လူထု​နွေဦးသို့ အတည်ပြုပြောကြားသည်။

မကြာသေးမီက ကျင်းပသည့် KNUနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထိပ်ပိုင်းခေါင်း ဆောင်များအစည်းအဝေးအပြီး၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး တပ်မဟာ ခုနစ်ခုလုံးကို ပစ်မိန့်ပေးလိုက်ကြောင်း Salewwn Pressက KNLA စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိ နှစ်ဦးကိုကိုးကား ဖော်ပြထားသည့်အပေါ် အထက်ပါအတိုင်း အတည်ပြုဖြေကြားခဲ့သည်။

“အဲဒါက တစ်လနီးပါးက စစ်ရေးချုပ်ကနေ ညွှန်ကြားထားတယ်လေ တပ်မဟာ ခုနစ်ခုလုံးကို။ လက်ရှိ အခြေအနေ မှာ ရန်သူက ကိုယ့်နယ်မြေကို ကျူးကျော်လာရင် ပစ်မိန့်ပေးတယ်။ နောက်ပြီးတော့ တကယ်လို့ အခွင့်ကောင်းရင် ကိုယ်တို့နေရာ ကိုယ်ပြန်ယူရမှာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် နယ်မြေစိုးမိုးရေးအတွက် တည်ဆောက်ထားသည့် စခန်းများရှိကြောင်း၊ လက်ရှိအချိန်သည် ပြည်တွင်း၌ လူထု၏ တွန်းလှန်မှုနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ လက်တွဲညီညီဖြင့် စစ်ရေး၊ နိုင်ငံရေးအောင်မြင်မှုရရှိရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ စခန်းတွေကို အခွင့်အရေးသာရင် နေရာ ပြန်တိုးချဲ့ဖို့ခရိုင်ခုနစ်ခုလုံးကို ညွှန်ကြားလိုက်ပြီ။အမိန့်ချတဲ့အခါကျတော့ ရန်သူရဲ့ စခန်းတွေကို တိုက်ရမှာပေ့ါ။ အခွင့်သာရင် တိုက်ရမှာပေါ့။ကိုယ့်နယ်မြေ ပြန်တိုးချဲ့ရမှာပေါ့။ ဖြစ်ပေါ်လာတဲ့ PDFတွေနဲ့ ပူးတွဲပြီး နယ်မြေစိုးမိုးတဲ့သဘောပေါ့” ဟု အဆိုပါ KNU သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ညွှန်ကြားပြီးနောက်ပိုင်း စခန်းသိမ်းတိုက်ခိုက်မှုအချို့ KNU တပ်မဟာနယ်မြေအချို့တွင်ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းက မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြသောင်းဆိပ် ရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)စခန်းကို KNU တပ်မဟာ(၁)က စခန်းသိမ်း တိုက်ခိုက်ခဲ့သည်။

KNU တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသတွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင်မူ ဗဟိုက မညွှန်ကြားမီကတည်းက မတ်လ ၂၇ရက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခု၊ ဧပြီ ၂၇ရက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းတစ်ခုကို တပ်မဟာ(၃)နှင့်(၅) ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။