Connect with us

Hi, what are you looking for?

News

သံတောင်ကြီးတွင်စစ်ယာဉ်တန်းကို KNU တိုက်ခိုက်၊ စစ်ကောင်စီတပ်ထံမှလက်နက် ၇လက်သိမ်းဆီးရမိ

“အဲဒီမှာ ရန်သူ ရိက္ခာပို့တဲ့အချိန် တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်တော့ လက်နက် ၇လက် ရတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂)နယ်မြေ သံတောင်ကြီးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက် ၇လက်ရရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ယမန်​နေ့(ဒီဇင်ဘာ ၂၀ရက်)က စစ်ကောင်စီတပ်၏ ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အရေအတွက်ကို အတိအကျ မသိရသေးဟု ၎င်း​ ကဆက်ပြောသည်။

“အဲဒီမှာ ရန်သူ ရိက္ခာပို့တဲ့အချိန် တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်တော့ လက်နက် ၇လက် ရတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်မှုကို KNUနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင်များပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

သံတောင်ကြီးမြို့နယ် လေးလုံးပင်ဒေသ ရေတံခွန် ဖြတ်လမ်းတွင် ရိက္ခာသယ်ပြီး နယ်ကျွံလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNU/PDF ပူးပေါင်းအဖွဲ့က မိုင်း ၄လုံးဆွဲပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၁ဦး သေဆုံးကြောင်း သိရသည်ဟုအထက်ပါသတင်းရင်းမြစ်ကသည်။

KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆) နယ်မြေများ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသ၌ တိုက်ပွဲများ ပြင်းထန်နေသည်။ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။ တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ကြသောင်းဆိပ် BGF တပ်စခန်းကို KNUနှင့် PDF ပူးပေါင်း အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

(​ဓါတ်ပုံ- လေး​ကေ့​ကော်​ဒေသတွင်တိုက်ပွဲဖြစ်ပွားပြီး ဒီဇင်ဘာ ၁၆ ရက်တွင် KNU/KNLAနှင့်ပူး​ပေါင်းအဖွဲ့က စစ်​​ကောင်စီတပ်သား ၆ဦးနှင့် နယ်ခြား​စောင့်တပ်သား(BGF) ၂ ဦးတို့ကို အရှင်ဖမ်းမိစဥ်။၎င်းတို့ ၈ ဦးကို KNU ကစစ်သုံ့ပန်း ကျင့်ဝတ်နှင့်အညီ ​ကောင်းမွန်စွာထိန်းသိမ်းထား​ကြောင်းထုတ်ပြန်ထားသည်။)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook