Connect with us

Hi, what are you looking for?

LuduNwayOo

News

သံတောင်ကြီးတွင်စစ်ယာဉ်တန်းကို KNU တိုက်ခိုက်၊ စစ်ကောင်စီတပ်ထံမှလက်နက် ၇လက်သိမ်းဆီးရမိ

“အဲဒီမှာ ရန်သူ ရိက္ခာပို့တဲ့အချိန် တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်တော့ လက်နက် ၇လက် ရတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂)နယ်မြေ သံတောင်ကြီးမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက် ၇လက်ရရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ယမန်​နေ့(ဒီဇင်ဘာ ၂၀ရက်)က စစ်ကောင်စီတပ်၏ ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အရေအတွက်ကို အတိအကျ မသိရသေးဟု ၎င်း​ ကဆက်ပြောသည်။

“အဲဒီမှာ ရန်သူ ရိက္ခာပို့တဲ့အချိန် တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်တော့ လက်နက် ၇လက် ရတယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်မှုကို KNUနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင်များပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

သံတောင်ကြီးမြို့နယ် လေးလုံးပင်ဒေသ ရေတံခွန် ဖြတ်လမ်းတွင် ရိက္ခာသယ်ပြီး နယ်ကျွံလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNU/PDF ပူးပေါင်းအဖွဲ့က မိုင်း ၄လုံးဆွဲပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၁ဦး သေဆုံးကြောင်း သိရသည်ဟုအထက်ပါသတင်းရင်းမြစ်ကသည်။

KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆) နယ်မြေများ၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသ၌ တိုက်ပွဲများ ပြင်းထန်နေသည်။ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။ တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ကြသောင်းဆိပ် BGF တပ်စခန်းကို KNUနှင့် PDF ပူးပေါင်း အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

(​ဓါတ်ပုံ- လေး​ကေ့​ကော်​ဒေသတွင်တိုက်ပွဲဖြစ်ပွားပြီး ဒီဇင်ဘာ ၁၆ ရက်တွင် KNU/KNLAနှင့်ပူး​ပေါင်းအဖွဲ့က စစ်​​ကောင်စီတပ်သား ၆ဦးနှင့် နယ်ခြား​စောင့်တပ်သား(BGF) ၂ ဦးတို့ကို အရှင်ဖမ်းမိစဥ်။၎င်းတို့ ၈ ဦးကို KNU ကစစ်သုံ့ပန်း ကျင့်ဝတ်နှင့်အညီ ​ကောင်းမွန်စွာထိန်းသိမ်းထား​ကြောင်းထုတ်ပြန်ထားသည်။)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။