Connect with us

Hi, what are you looking for?

News

တွံတေးမြို့မှ စစ်ကောင်စီလက်ဝေခံ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ပစ်ခတ်သတိ​ပေးခံရ

အကြောင်းမှာ ကျော်သူထက်အား ပစ်သတ်သုတ်သင်ရန်ကြိုးပမ်းချိန် ၎င်း၏လူမမယ်ကလေးနှစ်ဦး အပြင်သို့ပြေးထွက်လာခြင်းကြောင့် ကလေးများအား မထိခိုက်စေရန် ခြောက်လှန့်ယုံ ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

(စစ်ကောင်စီက သင်တန်းပေးထားသည့် ပြည်သူ့စစ်အမည်ခံ ကျော်သူထက်ဆိုသူအား ယူနီဖောင်းအပြည့်အစုံဖြင့် တွေ့ရစဥ်)

ရန်ကုန်တိုင်း တွံတေးမြို့ရှိ စစ်ကောင်စီတပ်မှ သင်တန်း ပေးထားသည့် ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသူ တစ်ဦးကို ပစ်ခတ်သတိပေးခဲ့ကြောင်း တွံတေးမြို့နယ် မြို့ပြပြောက်ကျားတပ်က ယနေ့(ဒီဇင်ဘာ၂၂)ထုတ်ပြန်သည်။

ပစ်ခတ်သတိပေးခံရသူသည် စစ်ကောင်စီ၏ သတင်းပေး ဒလန်တစ်ဦးလည်းဖြစ်၊ ပြည်သူ့စစ်တစ်ဦးလည်းဖြစ်သည့် ကျော်သူထက်ဆိုသူဖြစ်ပြီး ၎င်းအား ခြောက်လှန့်ယုံ ပစ်ခတ်သတိပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြောင်းမှာ ကျော်သူထက်အား ပစ်သတ်သုတ်သင်ရန်ကြိုးပမ်းချိန် ၎င်း၏လူမမယ်ကလေးနှစ်ဦး အပြင်သို့ပြေးထွက်လာခြင်းကြောင့် ကလေးများအား မထိခိုက်စေရန် ခြောက်လှန့်ယုံ ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ဒီတစ်ကြိမ်ကံကောင်းသွားပေမယ့် နောက်ထပ်အဲ့လိုအခွင့်အရေးမျိုးမရှိစေရဘူး။ ဒီလိုမျိုး လူထုမျက်နှာမကြည့်ဘဲ စကစအားပေး ဒလန်လုပ်နေသူ မည်သူမဆိုနှင့်အပေါင်းအပါများကို ပြည်သူ့ရန်သူအဖြစ်သတ်မှတ်ပြီး အမြစ်ပြတ်ချေမှုန်းသွားပါမယ်”ဟု တွံတေးမြို့ပြပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

​ခြောက်လှန့်ပစ်ခတ်ခံရသည့် ကျော်သူထက်ဆိုသူသည် ပြီးခဲ့သည့်မတ်လအတွင်းက တွံတေးမြို့ခံလေးဦး ပစ်သတ်ခံရမှုနှင့် ပြည်သူများဖမ်းဆီးခံရမှု၏ အဓိကလက်သည်တစ်ဦးဖြစ်ကြောင်း တွံတေးမြို့ပြပြောက်ကျားတပ်က ထုတ်ပြန်အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏လက်ဝေခံများဖြစ်သော ပျူစောထီး၊ ဒလန်နှင့် စစ်တပ်ထောက်ခံသူများကိုစုစည်းကာ စစ်သင်တန်းများပေးလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook