Connect with us

Hi, what are you looking for?

News

ဝင်း​ရေးမြို့နယ်အတွင်း ည ၇ နာရီ​နောက်ပိုင်းခရီးမသွားကြဖို့ ထုတ်ပြန်

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာအပြင်ဘက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ နယ်မြေကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူးပလာယာခရိုင်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းက ခရီးသွားပြည်သူလူထုတွေကို ဘေးအန္တရာယ်မဖြစ်​အောင် ည ၇ နာရီကနေ မနက် ၆ နာရီအတွင်း ခရီးသွားလာခွင့်မပြုဘူးလို့ ဝင်ရေးမြို့နယ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ကေအဲန်ယူ-ဝင်းရေးမြို့နယ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ခရီးသွားပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စရှိလာပါက သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြောင်းကြားထောက်ခံချက် ရယူရမှာဖြစ်ပြီး ထောက်ခံချက်ရယူခြင်းမပြုပဲ ခရီးသွားလာပါက ပြသနာတစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ရင် တာဝန်ယူဆောင်ရွက်ပေးသွားမှာမဟုတ်ဘူးလို့ ပါရှိတာပါ။

” အရေးပေါ်အခြေအနေရှိမှ အရေးကြီးမှ ထောက်ခံချက်နဲ့ခရီးသွားလာခိုင်းတာပေါ့နော်။ ဒါကိုဘာပြချင်လည်း ဘာကိုဆိုလိုချင်တာလည်းဆိုလို့ရှိရင် တိုက်ခိုက်မှုက အချိန်မရွေးဖြစ်ပွားနိုင်တယ်။အဓိကတော့ ဝင်းရေးအခြေစိုက်ပေါ့လေ။ ဒါပေမဲ့ တဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း သက်ရောက်မှုရှိတယ်။ ဆက်စပ်နေတာပေါ့နော်။ ဝင်းရေးနဲ့ ကော့ကရိတ် နို့တကောနဲ့ အဲ့ဒါတကျောတည်းမှာပေါ့နော်” လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က ပြောခွင့်ရသူတစ်ဦးက ဆိုပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာအပြင်ဘက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ နယ်မြေကျော်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူးပလာယာခရိုင်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁ ရက် နေ့လည် ၁၁ နာရီကျော်အချိန်က ဝင်းရေးမြို့နယ် ကျားမီးတိုကျေးရွာမှာ အကြောင်းမကြားပဲ တက်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့အကြား ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားခဲ့သေးတာပါ။

အဲ့ဒီနေ့ညနေ ၅ နာရီအချိန်မှာလည်း ဝင်းရေးမြို့နယ် ခုံခံကျေးရွာမှာလည်း တိုက်ပွဲတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး ဝင်းရေးမြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့တာ စစ်ရေးလှုပ်ရှားတာ၊ တပ်ချိန်းတာတွေ ပိုမိုပြုလုပ်လာခဲ့တယ်လို့ ကေအဲန်ယူ-ဒူးပလာယာခရိုင်သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။