Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅) နယ်မြေကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီ ၄ရက် နံနက် ၁နာရီခန့်တွင် ဒွယ်လိုးမြို့နယ် လယ်ထူဖိုးဒေသ သို့ လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲခဲ့၍ ဆေးပေးခန်း အဆောက်အဦ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်များ ထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေ မူတြော် (ဖာပွန်)ခရိုင် ဒွယ်လိုးမြို့နယ်သို့ အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့နံနက် အစောပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၄ရက် နံနက် ၁နာရီခန့်တွင် ဒွယ်လိုးမြို့နယ် လယ်ထူဖိုးဒေသ သို့ လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲခဲ့၍ ဆေးပေးခန်း အဆောက်အဦ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်များ ထိမှန်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုနှင့် ပဒိုမန်းမန်းတို့ထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဒီဇင်ဘာကလည်း စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဒေသခံ များစွာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ (၅)သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့သည့်။ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook