Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘို-မန္တ​လေးလမ်းတွင် စစ်​ကောင်စီ၏​ထောက်ပို့ယာဥ် မိုင်းဆွဲခံရသဖြင့် ပျက်စီး

ကားကတအိအိနဲ့ ဖြည်းဖြည်းပဲသွားတော့တယ်။ ကြောင်လက်သည်းအဖွဲ့ကထပ်ဆွဲတယ်။ အဲ့မှ လုံးဝရပ်သွားတယ်။ အထိအခိုက်ကိုတော့ သေချာမသိဘူးဗျ။ ကားကတော့ပျက်စီးသွားတယ်။” ဟု စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

မန္တ​လေး- ​ရွှေဘို လမ်းပိုင်းတစ်​နေရာ

စစ်ကိုင်းတိုင်း ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စီး မိုင်းဆွဲခံခဲ့ရပြီး ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၃ ရက်) ည ၁၂ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်၊ ဘုရားပြန်ရွာတောင်ဘက်တွင် စစ်ကိုင်းနယ်မှရွှေဘိုဘက်လာသော ကားနောက်ပိုင်းကို မိုးကာအုပ်ထားသည့် စစ်ကောင်စီထောက်ပို့ယာဉ် ၁၂ ဘီးကားအားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ပရိုလိုက်အဖွဲ့ နှင့် ကြောင်လက်သည်း အဖွဲ့တို့က ရှေ့ဆင့် နောက်ဆင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီထောက်ပို့ယာဉ် ၁၂ ဘီးကား ပျက်စီးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ “ပရိုလိုက်အဖွဲ့က မိုင်းဆွဲလိုက်တယ်။ ကားကထိုးရပ်သွားတယ်။ ပြီးမှလီဗာဖြဲပြီးပြန်မောင်းတယ်။ ကားကတအိအိနဲ့ ဖြည်းဖြည်းပဲသွားတော့တယ်။ ကြောင်လက်သည်းအဖွဲ့ကထပ်ဆွဲတယ်။ အဲ့မှ လုံးဝရပ်သွားတယ်။ အထိအခိုက်ကိုတော့ သေချာမသိဘူးဗျ။ ကားကတော့ပျက်စီးသွားတယ်။” ဟု စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

အဆိုပါပျက်စီးသွားသည့်ကားအားယနေ့ (ဇန်နဝါရီလ ၄ ရက်)နံနက် ၈နာရီအချိန်တွင် ရွာသာကြီးမြောက်ဘက်၌ ကားချိန်းပြီး ပစ္စည်းများသယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁ ရက် နံနက် ၃နာရီခန့်ကလည်း စစ်ကိုင်းဘက်မှ ရွှေဘိုဘက်သွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါလာသော Express ကားတစ်စီးအား မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့နှင့် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ /ဂဠုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ ရွှေဘို-မန္တလေး ကားလမ်း ရွာသာကြီးနှင့် ဆားတောင်ကြားတွင် မိုင်း ခုနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။