Connect with us

Hi, what are you looking for?

News

ရွှေဘို-မန္တ​လေးလမ်းတွင် စစ်​ကောင်စီ၏​ထောက်ပို့ယာဥ် မိုင်းဆွဲခံရသဖြင့် ပျက်စီး

ကားကတအိအိနဲ့ ဖြည်းဖြည်းပဲသွားတော့တယ်။ ကြောင်လက်သည်းအဖွဲ့ကထပ်ဆွဲတယ်။ အဲ့မှ လုံးဝရပ်သွားတယ်။ အထိအခိုက်ကိုတော့ သေချာမသိဘူးဗျ။ ကားကတော့ပျက်စီးသွားတယ်။” ဟု စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

မန္တ​လေး- ​ရွှေဘို လမ်းပိုင်းတစ်​နေရာ

စစ်ကိုင်းတိုင်း ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စီး မိုင်းဆွဲခံခဲ့ရပြီး ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၃ ရက်) ည ၁၂ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်၊ ဘုရားပြန်ရွာတောင်ဘက်တွင် စစ်ကိုင်းနယ်မှရွှေဘိုဘက်လာသော ကားနောက်ပိုင်းကို မိုးကာအုပ်ထားသည့် စစ်ကောင်စီထောက်ပို့ယာဉ် ၁၂ ဘီးကားအားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ပရိုလိုက်အဖွဲ့ နှင့် ကြောင်လက်သည်း အဖွဲ့တို့က ရှေ့ဆင့် နောက်ဆင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီထောက်ပို့ယာဉ် ၁၂ ဘီးကား ပျက်စီးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူမှ “ပရိုလိုက်အဖွဲ့က မိုင်းဆွဲလိုက်တယ်။ ကားကထိုးရပ်သွားတယ်။ ပြီးမှလီဗာဖြဲပြီးပြန်မောင်းတယ်။ ကားကတအိအိနဲ့ ဖြည်းဖြည်းပဲသွားတော့တယ်။ ကြောင်လက်သည်းအဖွဲ့ကထပ်ဆွဲတယ်။ အဲ့မှ လုံးဝရပ်သွားတယ်။ အထိအခိုက်ကိုတော့ သေချာမသိဘူးဗျ။ ကားကတော့ပျက်စီးသွားတယ်။” ဟု စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထားသည်။

အဆိုပါပျက်စီးသွားသည့်ကားအားယနေ့ (ဇန်နဝါရီလ ၄ ရက်)နံနက် ၈နာရီအချိန်တွင် ရွာသာကြီးမြောက်ဘက်၌ ကားချိန်းပြီး ပစ္စည်းများသယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁ ရက် နံနက် ၃နာရီခန့်ကလည်း စစ်ကိုင်းဘက်မှ ရွှေဘိုဘက်သွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါလာသော Express ကားတစ်စီးအား မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့နှင့် ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ /ဂဠုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ ရွှေဘို-မန္တလေး ကားလမ်း ရွာသာကြီးနှင့် ဆားတောင်ကြားတွင် မိုင်း ခုနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook