Connect with us

Hi, what are you looking for?

News

KNUတပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်း တိုက်ခိုက်ခံရပြီး ကားတစ်စီး ပျက်စီး

KNUတပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်၏ ခမရ(၉)တပ်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများဖြင့်နေထိုင်နေကြရကြောင်းလည်း တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာပို့ယာဉ်တန်းကို မိုင်းဖြင့်နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိခိုက်ပျက်စီးသွားကြောင်း တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိမ်ဆိပ် -လေးကေ လမ်းအတိုင်း လေးကေဘက်သို့ ဦးတည်လာသည့် စစ်ကောင်စီတပ် ရိက္ခာပို့ ယာဉ်တန်းကို ဇန်နဝါရီ ၁၄ရက် နံနက် အစောပိုင်း ၂နာရီခန့်တွင် မိုင်းဖြင့်တိုက်ခိုက်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း၊ ရိက္ခာပို့ပြီး ပြန်လာသည့် အဆိုပါယာဉ်တန်းကို ယနေ့ မွန်းလွဲ ပိုင်းတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိခိုက်ခဲ့သည်ဟု ဆိုသည်။

“ထုံးဘိုလေးနဲ့ ထုံးဘိုကြီးကြား ရွှေဘိုတံတားမှာ။ သူတို့ ရိက္ခာပို့ပြီး ပြန်ဆင်းလာမှ သူတို့ ဖြတ်ပြီးတိုက်တာ ကားတစ်စီးထိပြီး ကားက ပျက်စီးသွားတယ်။ ပျက်စီးပြီးတော့ မောင်းလို့တော့မရဘူး သူတို့ ပြန်ဆွဲသွားတယ်”ဟု တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု ရှိ၊မရှိကို မသိရသေးဟု ၎င်းက ဆိုသည်။

KNUတပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်၏ ခမရ(၉)တပ်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်၍ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများဖြင့်နေထိုင်နေကြရကြောင်းလည်း တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒေသအခြေအနေကတော့ စကစက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တော့ ဝီယော်ကျေးရွာ အုပ်စု ဝီယော်ရယ်၊ ထုံးဘိုကြီးရယ် ထုံးဘိုလေးရယ် အဲဒီ ဒေသခံတွေဟာ ညဘက် အိမ်မှာ အိပ်လို့ မရဲဘူး။ ဘေးလွတ်ရာထွက်ပြေးပြီး အိပ်တယ်။ နေ့လည်ဘက် ပြန်လာပြီးတော့ အိမ်ကြည့်တယ်”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook