Connect with us

Hi, what are you looking for?

LuduNwayOo

News

BGFစခန်းအားသိမ်းပိုက်မီးရှို့ခြင်းမှာ စစ်ကောင်စီနှင့်လက်တွဲမှုအပေါ် အရေးယူခြင်းဖြစ်ဟု KNU တပ်မဟာ(၅) ထုတ်ပြန်

KNUနယ်မြေ ဖာပွန်ခရိုင် မဲပလီကျေးရွာရှိ BGFစခန်းကို ဇန်နဝါရီ ၁၆ရက် မွန်းလွဲပိုင်းတွင် စခန်းသိမ်း တိုက်ပွဲဆင်နွှဲကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်း ပိုက်မီးရှို့လိုက်ခြင်းမှာ စစ်ကောင်စီနှင့် လက်တွဲမှုအပေါ် ပထမဆုံးအရေးယူ အကောင်အထည်ဖော် လိုက်ခြင်းဖြစ်ကြောင်း ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

KNUနယ်မြေ ဖာပွန်ခရိုင် မဲပလီကျေးရွာရှိ BGFစခန်းကို ဇန်နဝါရီ ၁၆ရက် မွန်းလွဲပိုင်းတွင် စခန်းသိမ်း တိုက်ပွဲဆင်နွှဲကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း BGFတပ်မှ ကိုယ်လွတ်ရုန်း ထွက်ပြေးကပြီး ထိခိုက်ကဆုံးမှု အတိအကျ မသိရသေးကြောင်း ဖော်ပြထားသည်။

ယခု စခန်းသိမ်းတိုက်ခိုက်မှုသည် ဇန်နဝါရီ ၁၂ရက်က တပ်မဟာ(၅)မှ အကြမ်းဖက်စစ်ကောင်စီနှင့် ကျွန်ခံ လက်တွဲနေသည့် ကရင်နယ်ခြားစောင့်တပ် BGFအား နောက်ဆုံးသတိပေးစာ ထုတ်ပြန်လိုက်သည့်နေက် ပထမဆုံး အရေးယူအကေင်အထည်ဖော်လိုက်သည့် စခန်းသိမ်းတိုက်ပွဲဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)အနေဖြင့် BGFတပ်များ ဇန်နဝါရီ ၁၅ရက်နောက်ပိုင်း စစ်ကောင်စီတပ်အား အကူအညီပေးခြင်း မပြုလုပ်ရန် ထုတ်ပြန်ကြေညာခဲ့သည်။ အကယ်၍ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းပါက ကရင်အချင်းချင်း ဖြစ်၍ မခိုက်ခိုက်လိုသော်လည်း တိုက်ခိုက်ရတေ့ာမည်ဟု ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။