Connect with us

Hi, what are you looking for?

News

BGFစခန်းအားသိမ်းပိုက်မီးရှို့ခြင်းမှာ စစ်ကောင်စီနှင့်လက်တွဲမှုအပေါ် အရေးယူခြင်းဖြစ်ဟု KNU တပ်မဟာ(၅) ထုတ်ပြန်

KNUနယ်မြေ ဖာပွန်ခရိုင် မဲပလီကျေးရွာရှိ BGFစခန်းကို ဇန်နဝါရီ ၁၆ရက် မွန်းလွဲပိုင်းတွင် စခန်းသိမ်း တိုက်ပွဲဆင်နွှဲကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်း ပိုက်မီးရှို့လိုက်ခြင်းမှာ စစ်ကောင်စီနှင့် လက်တွဲမှုအပေါ် ပထမဆုံးအရေးယူ အကောင်အထည်ဖော် လိုက်ခြင်းဖြစ်ကြောင်း ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

KNUနယ်မြေ ဖာပွန်ခရိုင် မဲပလီကျေးရွာရှိ BGFစခန်းကို ဇန်နဝါရီ ၁၆ရက် မွန်းလွဲပိုင်းတွင် စခန်းသိမ်း တိုက်ပွဲဆင်နွှဲကာ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း BGFတပ်မှ ကိုယ်လွတ်ရုန်း ထွက်ပြေးကပြီး ထိခိုက်ကဆုံးမှု အတိအကျ မသိရသေးကြောင်း ဖော်ပြထားသည်။

ယခု စခန်းသိမ်းတိုက်ခိုက်မှုသည် ဇန်နဝါရီ ၁၂ရက်က တပ်မဟာ(၅)မှ အကြမ်းဖက်စစ်ကောင်စီနှင့် ကျွန်ခံ လက်တွဲနေသည့် ကရင်နယ်ခြားစောင့်တပ် BGFအား နောက်ဆုံးသတိပေးစာ ထုတ်ပြန်လိုက်သည့်နေက် ပထမဆုံး အရေးယူအကေင်အထည်ဖော်လိုက်သည့် စခန်းသိမ်းတိုက်ပွဲဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၅)အနေဖြင့် BGFတပ်များ ဇန်နဝါရီ ၁၅ရက်နောက်ပိုင်း စစ်ကောင်စီတပ်အား အကူအညီပေးခြင်း မပြုလုပ်ရန် ထုတ်ပြန်ကြေညာခဲ့သည်။ အကယ်၍ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းပါက ကရင်အချင်းချင်း ဖြစ်၍ မခိုက်ခိုက်လိုသော်လည်း တိုက်ခိုက်ရတေ့ာမည်ဟု ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို