Connect with us

Hi, what are you looking for?

News

သဘာဝဓါတ်​ငွေ့အခွန်အခများကို စစ်​ကောင်စီထံလွှဲ​ပြောင်းမ​ပေးရန်​ရေနံကုမ္ပဏီကြီးနှစ်ခုကို NUG အသိပေး

မြန်မာနိုင်ငံမှ ပြင်သစ်နှင့်အမေရိကန် ရေနံကုမ္ပဏီတို့ ထွက်ခွာရန်နှင့် ငွေကြေးပံ့ပို့မှုရုတ်သိမ်းခြင်းတို့သည် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ကိုပြသရာရောက်သဖြင့် ကြိုဆို​ကြောင်းလည်း​ဖော်ပြထားသည်။

သဘာဝဓာတ်ငွေ့အခွန်အခများကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ MOGEအား မလွှဲပြောင်းခဲ့ရန် မြန်မာနိုင်ငံက ထွက်ခွာတော့မည့် ရေနံကုမ္ပဏီကြီးနှစ်ခုကို ‌အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယ​နေ့အသိပေးချက်ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လူအခွင့်အရေးချိုးဖောက်မူများကြောင့် မြန်မာနိုင်ငံမှ လုပ်ငန်းသိမ်းထွက်ခွာတော့မည့် ပြင်သစ်ရေနံကုမ္ပဏီ Total Energiesနှင့် အမေရိကန် ရေနံကုမ္ပဏီ Chevronတို့သည် NUGက ထုတ်ပြန်ထားသည့် အမိန့်များကို လိုက်နာသင့်သည်ဟု NUG,လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အသိပေးချက်ကို ယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။

NUGက ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများသည် သဘာဝဓာတ်ငွေ့အခွန့်အခများအတွက် ငွေပေးချေရာတွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို မလွှဲပြောင်းရန် တားမြစ်ထားသည်။ ထိုအခွန်အခများကို NUG၏ ဒုဝန်ကြီးညွန့်ကြားသည့် ဘဏ်စာရင်းကိုသာလွှဲပြောင်းပေးရမည်ဟု ညွန့်ကြားခဲ့ခြင်းဖြစ်သည်။

ထိုအပြင် Total Energiesကုမ္ပဏီ ကထိုင်းကုမ္ပဏီထံမှ PTTကို ဓာတ်ငွေ့ဝယ်ယူခဲ့များကို NUGကိုသာ လွှဲပြောင်းပေးရန်လည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှ ပြင်သစ်နှင့်အမေရိကန် ရေနံကုမ္ပဏီတို့ ထွက်ခွာရန်နှင့် ငွေကြေးပံ့ပို့မှုရုတ်သိမ်းခြင်းတို့သည် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ကိုပြသရာရောက်သဖြင့် ကြိုဆို​ကြောင်းလည်း​ဖော်ပြထားသည်။

သို့သော်လည်း သဘာဝဓာတ်ငွေ့တူးဖော်ထုတ်ရေးအတွက် အခွန်နှင့်အမြတ်ငွေများ စစ်ကောင်စီထံစီးဆင်းမှုကို တားမြစ်ရန်ကြိုးစားမှုအနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သည်​ကြောင်း NUGကဆိုသည်။

မြန်မာနိုင်ငံတွင် နှစ် ၃၀ကျော် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်နေသည့် ပြင်သစ်ကုမ္ပဏီ Total Energiesနှင့် ၎င်း၏မိတ်ဖက် အမေရိကန်ရေနံကုမ္ပဏီ Chevron တို့သည့် စစ်ကောင်စီ၏ လူအခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်​နေသော လုပ်ငန်းများမှ နှုတ်ထွက်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook