Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပူး​ပေါင်းလာ

DGF အနေဖြင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည့်အပေါ် နွေးထွေးစွာကြိုဆိုသည့်အပြင် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ထားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ Democratic Guerrila Force – DGF နှင့်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ၍ အလင်းဝင်ရောက်လာကြောင်း ယင်းအဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၅)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ အမှတ်(၁၄)စစ်ဆင်ရေးကွပ် ကဲမှုလက်အောက်ခံ၊ ခမရ(၅၇၉)၊ မိုင်းခုတ်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ – ၅၅၀၃၃၅ တပ်သားစိုင်းလင်းထွန်း အလင်းဝင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒါဟာ ဖက်ဆစ်တပ်ကို ထိခိုက်ဆုံးရှူံးမှုအ နည်းဆုံးနဲ့ ဖြိုချနိုင်မယ့်နည်းလမ်းဖြစ်တာမို့ အထူး ကြိုဆိုပါတယ်”ဟု DGF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

DGF အနေဖြင့် CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည့်အပေါ် နွေးထွေးစွာကြိုဆိုသည့်အပြင် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ထားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဆက်လက်ပြီးလည်း ဖက်ဆစ်တပ်သားတွေအနေနဲ့ အာဏာရှင်ကိုအလုပ်အကျွေးပြုမနေကြဘဲ ပြည်သူနဲ့ပိုမိုပူးပေါင်းကြပါလို့ ဖိတ်ခေါ်ပါတယ်”ဟု DGF တပ်ဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook