Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကိုခုခံတိုက်ခိုက်နေသည့် KNU ဗဟို၏ သဘောထားကို လက်မခံသော ပဒိုရွှေမောင်း ခရိုင်ဥက္ကဋ္ဌ အဖြစ်မှနှုတ်ထွက်

ပဒိုရွှေမောင်းအနေဖြင့် ခရိုင်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်လိုက်သော်လည်း KNU ညီလာခံသက်တမ်းမကုန်မီအထိ ဗဟိုကော်မတီဝင်အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။

KNU တပ်မဟာ(၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိ ခရိုင်ဥက္ကဋ္ဌအဖြစ် ယာယီတာဝန်ယူ

ပြည်သူလူထုဆန္ဒနှင့်အညီ အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၏ သဘောထားဆုံးဖြတ်ချက်ကို လက်မခံဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးလိုကြောင်း သဘောထားထုတ်ပြန်ထားသည့် KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း ရာထူးမှ နှုတ်ထွက် အနားယူသွားပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်း(ဇန်နဝါရီ ၂၇ရက်)က ပြုလုပ်ခဲ့သည့် ဒူးပလာယာခရိုင် အရေးပေါ် အစည်းအဝေးတွင် နုတ်ထွက်ကာ ဥက္ကဋ္ဌတာဝန်ကို ခရိုင်ဒုဥက္ကဋ္ဌ ဖြစ်သူ KNU တပ်မဟာ(၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိခံ လွှဲပြောင်းခဲ့သည်ဟု KNU ဗဟို သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူကျတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာ သူ့အနေနဲ့ ဒါကိုသူမလုပ်ချင်တဲ့ သဘောပေါ့။ သူက အာသီသက နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့သဘော။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေက ဗမာပြည်တစ်ပြည်လုံးက လူထုကလည်း အုံကြွနေပြီ။ လက်နက်ကိုင် အင်အားစုတွေကလည်း စစ်အာဏာရှင်နဲ့ နိုင်ငံရေးဆွေးနွေးဖို့ လောလောဆယ် ရပ်ဆိုင်းထားတဲ့သဘောပေါ့။ ကြားကာလမှာ စစ်အာဏာရှင်နဲ့တွေ့ဆုံဖို့မရှိသေးဘူးပေါ့”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ပဒိုရွှေမောင်းအနေဖြင့် ခရိုင်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်လိုက်သော်လည်း KNU ညီလာခံသက်တမ်းမကုန်မီအထိ ဗဟိုကော်မတီဝင်အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။

ခရိုင်ဥက္ကဋ္ဌ အဖြစ်မှ နှုတ်ထွက်သည့် ဖြစ်စဉ်မျိုး ယခင်က မရှိခဲ့ဖူးကြောင်းလည်း KNU ဗဟို သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook