Connect with us

Hi, what are you looking for?

News

ဂျို့ပင်ဆိပ်တပ်စခန်းအား KNUတိုက်ခိုက်ရာ စစ်ကောင်စီနှင့် BGFတပ်သား လေးဦးသေဆုံး၊ နောက်ရက်တွင် တပ်စခန်းကိုစွန့်ခွာသွား

ဒဏ်ရာရရှိသူမှာ ကမမောင်းဘက်သို့ ဆိုင်ကယ်ဖြင့် ရာဘာရောင်းရန် လာသည့် အသက်၂၁ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဆေးဝါးကုသမှုခံယူ နေကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ ဘားအံ(ဖားအံ)မြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဂျို့ပင်ဆိပ် တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်မှ လေးဦးသေဆုံးပြီး တပ်ခွဲမှူးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် BGF ပူးပေါင်း တပ်စခန်းအတွင်းမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ စခန်းအရှေ့မှဆိုင်ကယ်မောင်းနှင်လာသူ ဒေသခံပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

ဒဏ်ရာရရှိသူမှာ ကမမောင်းဘက်သို့ ဆိုင်ကယ်ဖြင့် ရာဘာရောင်းရန် လာသည့် အသက်၂၁ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ဆေးဝါးကုသမှုခံယူ နေကြောင်း ထုတ်ပြန်သည်။

အင်အား ၃၀ခန့်ရှိသည့် အဆိုပါစစ်ကောင်စီ-BGFပူးပေါင်းတပ်ဖွဲ့သည် ထိုသို့ တိုက်ခိုက် ခံရပြီးနောက် ဖေဖော်ဝါရီ ၈ရက် နံနက်ပိုင်းတွင် ဂျို့ပင်ဆိပ်စခန်းကို စွန့်ခွာကာ မိတ္ထီလာရွာ (ဘုရားကုန်း)သို့ ပြောင်းရွေ့ဆုက်ခွာသွားသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ