Connect with us

Hi, what are you looking for?

News

စစ်ဘက်​ရေးရာအတက်သင်​ကျောင်းမှ တပ်သားတစ်ဦး ကိုဖမ်းဆီး

သတင်းရ၍ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ ၎င်းနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်၏ ယူနီဖောင်းများနှင့် ဆက်စပ်ပစ္စည်းများပါ သိမ်းဆည်းနိုင်ခဲ့သည်။

အမှတ်(၁)တပ်မတော်စစ်ဘက်ရေးရာ အတတ်သင်ကျောင်းမှ တပ်သားတစ်ဦးကို မန္တလေး -ဗန်းမော်လမ်းပိုင်း၌ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Eagles Army- HPDF ကထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၁)ဖမ်းဆီးရမိသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားသည် ကိုယ်ပိုင် အမှတ် တ-၅၂၄၄၄၉ တပ်သားအောင်ဇော်ထွဋ်ဖြစ်ပြီး စစ်မှုထမ်းသက်ငါးနှစ်ရှိသူ ဖြစ်သည်။

သတင်းရ၍ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ ၎င်းနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်၏ ယူနီဖောင်းများနှင့် ဆက်စပ်ပစ္စည်းများပါ သိမ်းဆည်းနိုင်ခဲ့သည်။

ဇန်နဝါရီလနှောင်းပိုင်းနှင့် ယခုလအတွင်း စစ်ကိုင်းတိုင်း ၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှင် ဖမ်းဆီးရမိမှုများလည်း ရှိထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။