အမှတ်(၁)တပ်မတော်စစ်ဘက်ရေးရာ အတတ်သင်ကျောင်းမှ တပ်သားတစ်ဦးကို မန္တလေး -ဗန်းမော်လမ်းပိုင်း၌ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Eagles Army- HPDF ကထုတ်ပြန်သည်။
ယနေ့(ဖေဖော်ဝါရီ ၂၁)ဖမ်းဆီးရမိသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားသည် ကိုယ်ပိုင် အမှတ် တ-၅၂၄၄၄၉ တပ်သားအောင်ဇော်ထွဋ်ဖြစ်ပြီး စစ်မှုထမ်းသက်ငါးနှစ်ရှိသူ ဖြစ်သည်။

သတင်းရ၍ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ ၎င်းနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်၏ ယူနီဖောင်းများနှင့် ဆက်စပ်ပစ္စည်းများပါ သိမ်းဆည်းနိုင်ခဲ့သည်။
ဇန်နဝါရီလနှောင်းပိုင်းနှင့် ယခုလအတွင်း စစ်ကိုင်းတိုင်း ၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှင် ဖမ်းဆီးရမိမှုများလည်း ရှိထားသည်။
