Connect with us

Hi, what are you looking for?

News

ဟာသသရုပ်ဆောင် ဖိုးဖြူ ကွယ်လွန်

ကွယ်လွန်ချိန်၌ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်းကွယ်လွန်သွားသည့် အပေါ် ဝမ်းနည်းကြောင်း အနုပညာရှင်များကရေးသားထားသည်။

အနုပညာလောကတွင် သရဲလေးကောင် ပြဇာတ်ဖြင့်နာမည်ကြီးသည့် ဟာသရုပ်ဆောင် ဖိုးဖြူ ယနေ့ (မတ် ၁၁)ည တွင် အဆုတ်ရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်သည်။

မြောက်ဥက္ကလာ OSC ဆေးရုံ၌ ယနေ့ ည ၆ နာရီ ၄၅ တွင်ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသည့်အနုပညာရှင်တစ်ဦးကပြောသည်။

ကွယ်လွန်ချိန်၌ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်းကွယ်လွန်သွားသည့် အပေါ် ဝမ်းနည်းကြောင်း အနုပညာရှင်များကရေးသားထားသည်။

“မြပုဏ္ဏမာအဖွဲ့ရဲ့ လူရွှင်တော် (ဦး)ဖိုးဖြူ ကွယ်လွန်သွားတဲ့အတွက် အထူးဝမ်းနည်းကြေကွဲရပါတယ်။ (ဦး)ဖိုးဖြူ ကောင်းရာသုဂတိသို့ရောက်ပါစေ။” ဟု House of Media & Entertainment ၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

Public Service Announcement

Public Service Announcement

နာရေးအစီအစဉ်အတွက် တိုင်ပင်နေဆဲဖြစ်ပြီး Dead Body ကို မတ် ၁၂ ရက်နံနက်တွင် ရေဝေးသို့ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းနှင့်ရင်းနှီးသူတစ်ဦးကပြောသည်။

ဖိုးဖြူသည် ဘီပိုး စီပိုး ရောဂါခံစားခဲ့ရသောကြောင့် အနုပညာလောကမှခေတ္တ ပျောက်သွားခဲ့ပြီး ရောဂါမှသက်သာလာချိန်၌ ဘီပိုး စီပိုး ဝေဒနာခံစားရသူများအတွက် ပရဟိတဆေးခန်း ဖွင့်၍ ကူညီပေးခဲ့သည်။

၁၉၉၃ တွင် သရုပ်ဆောင်လွင်မိုးနှင့်တွဲ၍ သရဲလေးကောင်နှင့် ကျွန်တော် ပြဇာတ်တွင် အရိုင်း ၊ကုသိုလ် ၊ကင်းကောင် ၊ဖိုးဖြူတို့က သရဲလေးကောင်အဖြစ်ပါဝင်ခဲ့ရာ ယင်းပြဇာတ်ဖြင့်ပရိသတ်အားပေးမှုအများအပြားရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။