Connect with us

Hi, what are you looking for?

News

မြဝတီမြို့နယ်ရှိစစ်ကောင်စီ​ ၏မော်ခီးစခန်းကို KNU သိမ်းပိုက်၊ စစ်ကောင်စီတပ်မှသေဆုံးမှုရှိပြီးလက်နက်အချို့ရ

“စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းပေါ့။ သူတို့ တက်ရှင်းနေတုန်းပဲ။ ရန်သူ့ဘက်မှာ ၂ယောက်သေတယ်လို့ ပြောတယ်။ နောက်ပြီးတော့ လက်နက်ကြီး တစ်လက်ရတယ်။ လက်နက်ကြီးက ၆၀ မမ ပေါ့။ တက်ရှင်းနေတုန်းပဲ” ဟုKNUသတင်းရင်းမြစ်က ပြောသည်။

(KNU/KNLA တပ်ဖွဲ့ဝင်များ)

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းတစ်ခုဖြစ်​သော​မော်ခီးစခန်းကို ယနေ့ ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)သတင်းရင်းမြစ်ကပြောသည်။

ဝေါ်လေဒေသရှိ မော်ခီးစခန်းကို မတ်လ ၂၁ရက် ညနေ ပိုင်းတွင် KNU လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းပေါ့။ သူတို့ တက်ရှင်းနေတုန်းပဲ။ ရန်သူ့ဘက်မှာ ၂ယောက်သေတယ်လို့ ပြောတယ်။ နောက်ပြီးတော့ လက်နက်ကြီး တစ်လက်ရတယ်။ လက်နက်ကြီးက ၆၀ မမ ပေါ့။ တက်ရှင်းနေတုန်းပဲ” ဟုKNUသတင်းရင်းမြစ်က ပြောသည်။

(KNU/KNLA တပ်ဖွဲ့ဝင်များ)

မြန်မာ – ထိုင်းနယ်စပ် ၌ တည်ရှိသည့် အဆိုပါ မော်ခီးစခန်း တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ကရင်အမျိုးသားမီဒီယာက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒေသသည် KNU တပ်မဟာ(၆)နယ်မြေ ဖြစ်သည်။ KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်ဒေသ၌လည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ နေ့စဉ်ပြင်းထန်စွာဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်သည် ကော့ကရိတ်ဒေသ တောနော်ဆေးရုံကို ဝင်ရောက်တပ်စွဲနေရာယူထားပြီး ဒေသတဝိုက်သို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟုဆိုသည်။ ကော့ကရိတ်တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

​လေး​ကေ့​ကော် မြို့သစ်အပါအဝင် တပ်မဟာ ၆ နယ်​မြေတွင် ​နေရာယူထား​သောအကြမ်းဖက်စစ်​ကောင်စီများကို ပြန်ဆုတ်ရန်နှင့် ​ကော့ကရိတ်မြို့နယ်မှ အရပ်ဖက် စစ်​ကောင်စီဝန်ထမ်းများ ​ဒေသမှထွက်ခွာကြရန် ၊​ဒေသခံဝန်ထမ်းများလည်း စစ်​ကောင်စီလက်​အောက်တွင်တာဝန်မထမ်း​ဆောင်​တော့ရန် KNU ကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။