Connect with us

Hi, what are you looking for?

News

စစ်ဘေးရှောင်တစ်သောင်းကျော်အတွက် အကူအညီလိုနေ

လတ်တလောမှာ စစ်ဘေးရှောင်တွေ နေထိုင်ဖို့အတွက် အဆောင် အလုံး (၃၀၀)ခန့် လိုအပ်ပြီး အဆောင်တစ်ဆောင်အနေနဲ့ ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ (၁၂၀၀)ရှိကာ စစ်ဘေးရှောင်ပြည်သူလူထုတွေအတွက် ကူညီမယ်ဆိုပါက ကေအဲန်ယူထံကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကေအဲန်ယူ-ကော်သူးလေးအုပ်ချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၆ တို့ကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်း ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီက စစ်ဆင်ရေးလုပ်နေတာဖြစ်ပါတယ်။

ဒူးပလာယာခရိုင် တပ်မဟာ ၆ ကော့ကရိတ်မြို့နယ်အတွင်းမှာ မတ်လ ၂၀ ရက် ညအချိန်က စစ်ကောင်စီတပ်ဟာ တောနော်ဆေးရုံကိုကျော်လွန်ပြီး တက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ နဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းကလည်း ပစ်ခတ်တိုက်ခိုက်မှု အကြီးအကျယ်ဖြစ်ပွားခဲ့သေးတာပါ။

ဒီလို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အနီးအနားရှိ ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူလူထုပေါင်း (၁၂၀၀၀) ကျော်တို့ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မိုးရွာသွန်းမှုတွေကြောင့် ကော့ကရိတ်မြို့နယ် အရှေ့ဘက်ခြမ်းဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးမှာ တိမ်းရှောင်နေရတဲ့ လေးကေကော်စစ်ဘေးရှောင်တွေရဲ့ အဆောက်အဦးတွေ၊ အမိုးအကာတွေ လွင့်စင်ပျက်စီးသွားခဲ့ရပြီး အဲ့ဒီအတွက် အဆောင်တွေကိုအသစ်တဖန်ပြည်လည်တည်ဆောက်ပေးရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကေအဲန်ယူဒေသတာဝန်ရှိသူတွေက ဆိုပါတယ်။

လတ်တလောမှာ စစ်ဘေးရှောင်တွေ နေထိုင်ဖို့အတွက် အဆောင် အလုံး (၃၀၀)ခန့် လိုအပ်ပြီး အဆောင်တစ်ဆောင်အနေနဲ့ ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ (၁၂၀၀)ရှိကာ စစ်ဘေးရှောင်ပြည်သူလူထုတွေအတွက် ကူညီမယ်ဆိုပါက ကေအဲန်ယူထံကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။