Connect with us

Hi, what are you looking for?

LuduNwayOo

News

CDMပြုလုပ်လာသည့် ခလရ(၂၇၄)တပ်သားက ၎င်း၏ ဆု​ကြေးမှ ကျပ်၁၅သိန်းကို CDFအတွက် ပြန်လှူ

ပြည်သူ့ရင်ခွင်ထဲ ခိုလှုံလာသော ခလရ (၂၇၄)တပ်မှ တပ်သားသည် MA -1 တစ်လက်၊ ကျည်အိမ် လေးခု၊ ကျည် ၂၁၆တောင့်ပါရှိသည်ဟု CDF က ဆိုသည်။

ဓာတ်ပုံ - CDF မင်းတပ်

CDM ပြုလုပ်လာသည့် တပ်သားသည် ၎င်း၏ဆုကြေးငွေထဲမှ ပြည်သူ့တော်လှန်ရေးအတွက် ကျပ်၁၅ သိန်း ပြန်လည်လှူ​ပေးခဲ့ကြောင်း CDF မင်းတပ်က ယနေ့ (မတ်လ ၂၆ရက်)တွင် ထုတ်ပြန်သည်။

ဓာတ်ပုံ – CDF မင်းတပ်

ပြည်သူ့ရင်ခွင်ထဲ ခိုလှုံလာသော ခလရ (၂၇၄)တပ်မှ တပ်သားသည် MA -1 တစ်လက်၊ ကျည်အိမ် လေးခု၊ ကျည် ၂၁၆တောင့်ပါရှိသည်ဟု CDF က ဆိုသည်။

ထို့ကြောင့် CDF မင်းတပ် တပ်မဟာမှူးမှ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့သည့်အနက် ထိုတပ်သားမှ ပြည်သူ့တော်လှန်ရေးအတွက် ကျပ်၁၅သိန်းပြန်လည်လှူ​ပေး သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ – CDF မင်းတပ်

အဆိုပါ စစ်ကောင်စီတပ်သားသည် မတ်လ ၂၅ ရက်​နေ့ လယ်ပိုင်း CDF မင်းတပ်ထံ ရောက်လာကြောင်း CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ် က လူထုနွေဦးသို့ ပြောထားသည်။

Public Service Announcement

Public Service Announcement

၎င်းသည် မတ်လ ၂၄ ရက် နေ့လယ် ၁ နာရီခွဲခန့် တွင် ခလရ (၂၇၄)တပ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ယခု စစ်သားတစ်ဦးအပါအဝင် CDF မင်းတပ်ထံသို့ CDM ပြုလုပ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၁၀ ဦး ကျော်ရှိပြီဟုလည်း ဆလိုင်းဟာအွမ် က အတည်ပြုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ခလရ (၂၇၅) ကစစ်​ကောင်စီတပ်ဟာ KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် ဧပြီ ၁၀ ရက်ညကတည်းက နယ်စပ်မှာရှိတဲ့ အမှတ် (၂) တံတားနားကိုထွက်​ပြေးလာခဲ့ကြတာပါ။

သတင်း

ခလရ (၂၇၅ ) မှစစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းတိုက်ခိုက်ခံရပြီး တစ်ရက်ခွဲခန့်အကြာတွင် ဧပြီ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်တွင်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြခြင်းဖြစ်​ကြောင်း စစ်​ရေးရင်းမြစ် နှစ်ခုက​ပြောကြားသည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။