Connect with us

Hi, what are you looking for?

News

CDMပြုလုပ်လာသည့် ခလရ(၂၇၄)တပ်သားက ၎င်း၏ ဆု​ကြေးမှ ကျပ်၁၅သိန်းကို CDFအတွက် ပြန်လှူ

ပြည်သူ့ရင်ခွင်ထဲ ခိုလှုံလာသော ခလရ (၂၇၄)တပ်မှ တပ်သားသည် MA -1 တစ်လက်၊ ကျည်အိမ် လေးခု၊ ကျည် ၂၁၆တောင့်ပါရှိသည်ဟု CDF က ဆိုသည်။

ဓာတ်ပုံ - CDF မင်းတပ်

CDM ပြုလုပ်လာသည့် တပ်သားသည် ၎င်း၏ဆုကြေးငွေထဲမှ ပြည်သူ့တော်လှန်ရေးအတွက် ကျပ်၁၅ သိန်း ပြန်လည်လှူ​ပေးခဲ့ကြောင်း CDF မင်းတပ်က ယနေ့ (မတ်လ ၂၆ရက်)တွင် ထုတ်ပြန်သည်။

ဓာတ်ပုံ – CDF မင်းတပ်

ပြည်သူ့ရင်ခွင်ထဲ ခိုလှုံလာသော ခလရ (၂၇၄)တပ်မှ တပ်သားသည် MA -1 တစ်လက်၊ ကျည်အိမ် လေးခု၊ ကျည် ၂၁၆တောင့်ပါရှိသည်ဟု CDF က ဆိုသည်။

ထို့ကြောင့် CDF မင်းတပ် တပ်မဟာမှူးမှ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့သည့်အနက် ထိုတပ်သားမှ ပြည်သူ့တော်လှန်ရေးအတွက် ကျပ်၁၅သိန်းပြန်လည်လှူ​ပေး သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ – CDF မင်းတပ်

အဆိုပါ စစ်ကောင်စီတပ်သားသည် မတ်လ ၂၅ ရက်​နေ့ လယ်ပိုင်း CDF မင်းတပ်ထံ ရောက်လာကြောင်း CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ် က လူထုနွေဦးသို့ ပြောထားသည်။

Public Service Announcement

Public Service Announcement

၎င်းသည် မတ်လ ၂၄ ရက် နေ့လယ် ၁ နာရီခွဲခန့် တွင် ခလရ (၂၇၄)တပ်မှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ယခု စစ်သားတစ်ဦးအပါအဝင် CDF မင်းတပ်ထံသို့ CDM ပြုလုပ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၁၀ ဦး ကျော်ရှိပြီဟုလည်း ဆလိုင်းဟာအွမ် က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။