Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KNU/PDF တိုက်ခိုက်

KNLA/PDF ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်ရှိ တော်ဝင်ချယ်ရီစားသောက်ဆိုင် ၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

▪️KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီတပ်များ မကြာခဏ တိုက်ခိုက်ခံရ

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ မနက်ပိုင်းက ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က သတင်းထုတ်ပြန်သည်။

မတ်လ ၂၉ရက် နံနက် ၁၁နာရီခန့်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှ စစ်ကောင်စီ၏ ၄၁စီးပါ ကားတန်းအား ဘီးလင်းမြို့နယ်၊ ချောင်းပြန့်ကျေးရွာအနီးတွင် KNLA နှင့် သထုံ PDF ပူးပေါင်း တပ်ဖွဲ့တို့မှ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

ပူးပေါင်းအဖွဲ့မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းဖော်ပြထားပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

KNLA/PDF ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်ရှိ တော်ဝင်ချယ်ရီစားသောက်ဆိုင် ၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(မတ်လ ၂၈ရက်)ကလည်း ဘီးလင်းမြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနှင့် ဘီးလင်းတိုးဂိတ်အဟောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်များ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမရှိ အခြေအနေများကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။