Connect with us

Hi, what are you looking for?

News

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို KNU/PDF တိုက်ခိုက်

KNLA/PDF ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်ရှိ တော်ဝင်ချယ်ရီစားသောက်ဆိုင် ၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

▪️KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီတပ်များ မကြာခဏ တိုက်ခိုက်ခံရ

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ မနက်ပိုင်းက ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က သတင်းထုတ်ပြန်သည်။

မတ်လ ၂၉ရက် နံနက် ၁၁နာရီခန့်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှ စစ်ကောင်စီ၏ ၄၁စီးပါ ကားတန်းအား ဘီးလင်းမြို့နယ်၊ ချောင်းပြန့်ကျေးရွာအနီးတွင် KNLA နှင့် သထုံ PDF ပူးပေါင်း တပ်ဖွဲ့တို့မှ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

ပူးပေါင်းအဖွဲ့မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းဖော်ပြထားပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

KNLA/PDF ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်ရှိ တော်ဝင်ချယ်ရီစားသောက်ဆိုင် ၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(မတ်လ ၂၈ရက်)ကလည်း ဘီးလင်းမြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနှင့် ဘီးလင်းတိုးဂိတ်အဟောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်များ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမရှိ အခြေအနေများကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook