Connect with us

Hi, what are you looking for?

News

KNU နဲ့ PDF အင်အားကို စစ်ကောင်စီက ထိုးခွဲဖို့ပြင်နေတယ်လို့ KNU ဆို

စစ်အင်အားအလုံးအရင်းနဲ့ ဖိအားပေးလာသလို တဖက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာတဲ့အကြောင်း ပဒိုစောတာနီက ပြောပါတယ်။

ကရင်ပြည်နယ် အတွင်းစစ်ကောင်စီတပ်တွေ တပ်အင်အားအလုံးအရင်းတိုးချဲ့လာတာဟာ KNU နဲ့ PDF ကို ထိုးခွဲချင်တာဖြစ်တယ်လို့ KNU နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ ပဒိုစောတာနီက ပြောလိုက်ပါတယ်။

ဒီလို ထိုးခွဲလိုက်ရင် PDF အနေနဲ့ ရပ်တည်လို့ရတော့မဟုတ်သလို တခြားဒေသတွေက PDF တွေနဲ့ ချိတ်ဆက်ဖို့ခက်ခဲ သွားလိမ့်မယ်လို့ စစ်ကောင်စီကတွက်ဆထားတယ်လို့ ပဒိုစောတာနီက ပြောပါတယ်။

နောက်တစ်ချက်အနေနဲ့စစ်အင်အားအလုံးအရင်းနဲ့ KNU ကိုဖိအားပေးလိုက်ရင် ဒေသခံလူထုဟာ စစ်ဘေးရှောင်ရတာ ၊ ဒုက္ခသည်တွေဖြစ်လာပြီး နောက်ဆုံးမှာတော့ KNUအနေနဲ့ အပတ်ခတ်ရပ်ရေးလုပ်ရမယ်လို့ စစ်ကောင်စီဘက်ကတွက်ကိန်းချထားပုံရတဲ့အကြောင်း ပဒိုစောတာနီက ဆိုပါတယ်။

စစ်အင်အားအလုံးအရင်းနဲ့ ဖိအားပေးလာသလို တဖက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာတဲ့အကြောင်း ပဒိုစောတာနီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ မီးစတဖက် ရေမှုတ်တဖက်ဖြစ်ပြီး အပစ်ရပ်ရေးလုပ်ကာ KNU ကို ထိန်းထားချင်ပုံရတယ်လို့လည်းပြောပါတယ်။

“အဲဒီနည်းနဲ့ ကျွန်တော်တို့ ကို ထိန်းထားလိုက်ပြီးတော့ အသာလေးခွေထားလိုက်မယ်” လို့ စစ်ကောင်စီရဲ့ခြေလှမ်း ကို ပဒိုစောတာနီက သုံးသပ်ပါတယ်။

KNU အနေနဲ့ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင်ပြုတ်ကျရေးကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ ပဒိုစောတာနီက ဆက်ပြောပါတယ်။

လက်ရှိမှာတော့စစ်ကောင်စီတပ်တွေဟာ KNU တပ်မဟာ ၆ နယ်မြေထဲကို စစ်အင်အားတိုးချဲ့နေတာပါ။

ဒီလို တိုးချဲရာမှာလည်း အရပ်ဘက်ကားတွေကိုအသုံးချတာကြောင့် အာရှလမ်းမကြီး မှာ ယာဉ်သွားယာဉ်လာတွေကို KNU က ယာယီပိတ်ပင်ထားရပါတယ်။

ဒါဟာ စစ်ရေးအရ ယာယီလုပ်ဆောင်ရတာဖြစ်လို့ လူထုအနေနဲ့ ပူးပေါင်းပေးကြဖို့ကိုလည်း KNU က ဆိုထားပါတယ်။

“လိုအပ်တဲ့အခါမှာပဲ တောင်းဆိုတာပါ ကျန်တဲ့အချိန်မှာ ကျွန်တော်တို့မလုပ်ချင်ပါဘူး” လို့ ပဒိုစောတာနီက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီတွေရဲ့ တပ်စခန်းတွေကို KNU နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအရှင်ဖမ်းမိတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။