Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စိတ်ဓာတ်ရေးရာ ဖရိုဖရဲဖြစ်နေတယ်လို့ KNU ပြောခွင့်ရှိသူပြော

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ မတ်လ တလတာအတွင်း KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၄၀၀ ကျော် သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူ ထုတ်ပြန်ထားတဲ့မှတ်တမ်းအရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စိတ်ဓာတ်ရေးရာအရ ဖရိုဖရဲဖြစ်နေတယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ဦးရေဟာ ပိုများတယ်လို့ ဆိုပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ မတ်လ တလတာအတွင်း KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၄၀၀ ကျော် သေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူ ထုတ်ပြန်ထားတဲ့မှတ်တမ်းအရ သိရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးတဲ့အရေအတွက်ဟာ ပြီးခဲ့တဲ့လတွေကထက် ပိုများလာခဲ့တာပါ။

Public Service Announcement

Public Service Announcement

အရင်တုန်းက တိုက်ပွဲအများဆုံးဖြစ်ပွားနေတာဟာ တပ်မဟာ ၅ ဖာပွန်ခရိုင်ထဲမှာသာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ တပ်မဟာ ၆ ဒူးပလာယာခရိုင်ထဲမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ပိုမိုများပြားလာနေတယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

“အကျအဆုံးများတာတော့ ဒါကအမှန်အကန်ပဲလေ။ အရင်တုန်းကတိုက်ပွဲ အများဆုံးအထူထပ်ဆုံးဖြစ်တာကတော့ တပ်မဟာ ၅ ပဲ။ ဒါပေမဲ့နောက်ပိုင်း တပ်မဟာ ၆ ထဲမှာလည်း ကော့ကရိတ်မြို့နယ်တဂွင်လုံးမှာ မဖြစ်တဲ့နေရာမရှိဘူးလေ။ တိုက်ပွဲတွေက အနှံ့အပြားဖြစ်တယ်။ ဒီကြားထဲမှာ ကျနော်တို့ စခန်းသိမ်းတာလည်းရတယ်။ စခန်းမသိမ်းပဲနဲ့ တိုက်ပွဲဖြစ်နေတဲ့ဟာလည်း တပုံတခေါင်းကြီးပဲလေ”လို့ ပဒိုစောတောနီးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းအကူအညီမပါပဲနဲ့ တိုက်ခိုက်မယ်ဆိုပါက ထိခိုက်သေဆုံးမှုပိုမိုများပြားမှာဖြစ်ပြီး တိုက်ပွဲဖြစ်ပြီဆိုပါက လေကြောင်းပစ်ကူကို ထိုင်မျှော်နေရတယ်လို့ ပဒိုစောတောနီးက ဆက်ပြောပါသေးတယ်။

“မြေပြင်တပ်တွေရဲ့အခြေအနေက ဘာဖြစ်လို့လည်းဆိုတော့ လက်နက်ကြီးတွေဘယ်လောက်ပဲများများ တိုက်ပွဲဖြစ်လာပြီဆိုရင် လေတပ်ကိုပဲထိုင်မျှော်နေတယ်။ လေတပ်မရဘူးဆိုရင် သူတို့အသေအပျောက်လည်းများမယ်။ ခြေကုပ်ခြေကဲ အခိုင်အမာယူထားတဲ့စခန်းတွေကလည်း သူတို့မယူတော့ဘူး။ အသက်မစွန့်နိုင်တော့ဘူးဆိုတာ အနေအထားက ဒီလိုဖြစ်လာတဲ့အခါမှာကျတော့ ဒီလိုကျဆုံးတဲ့ဦးရေတွေများတယ်ဆိုတာတော့ ဒါတော့ရှင်းရှင်းလင်းလင်းပဲဖြစ်တယ်လေ။ စိတ်ဓာတ်ရေးရာမှာလည်း ဖရိုဖရဲဖြစ်နေတယ်လေ” လို့ ပဒိုစောတောနီးက ဆက်ပြောပါသေးတယ်။

လတ်တလောမှာ ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ KNLA တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးပြင်းထန်နေပြီး ကေအဲန်ယူထံ အလင်းဝင်ဘက်ပြောင်းရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပိုမိုများပြားလာနေတယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook