Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒများကို ကနေဒါ ဆက်လက်ကူညီမည်

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများ၏ ကြံ့ကြံ့ခံမှုနှင့် ပို၍ ငြိမ်းချမ်းပြီး သာယာဝပြောသော နှစ်သစ်အပေါ် မျှော်လင့်ချက်များကို ကနေဒါသံရုံးက ဂုဏ်ပြုအသိအမှတ်ပြုကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

(စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ​ကျေးရွာတစ်ရွာတွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ချီတက်ဆန္ဒပြ​နေသည်ကို ယမန်​နေ့ည​နေက ​တွေ့ရစဥ်)

မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒများကို ကနေဒါအစိုးရက ဆက်လက်ကူညီထောက်ပံ့မည်ဟု ရန်ကုန်မြို့ရှိ ကနေဒါသံရုံးက ယနေ့ထုတ်ပြန်သည်။

မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများ၏ ကြံ့ကြံ့ခံမှုနှင့် ပို၍ ငြိမ်းချမ်းပြီး သာယာဝပြောသော နှစ်သစ်အပေါ် မျှော်လင့်ချက်များကို ကနေဒါသံရုံးက ဂုဏ်ပြုအသိအမှတ်ပြုကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ယခုနှစ်သစ်အခါသမယသည် ထိခိုက်ခံစားနေရသူများအတွက် စိတ်သက်သာစရာ အခိုက်အတန့်များ ယူဆောင်ပေးလာနိုင်ဖို့လည်း မျှော်လင့်ပါသည်”ဟု ကနေဒါသံရုံးက ထုတ်ပြန်သည်။

ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်သော ဒီမိုကရက်တစ်အနာဂတ်အတွက် မြှင့်တင်လုပ်ဆောင်နေသူ များကိုလည်း ဆက်လက်အားပေးကူညီမည်ဟု ကနေဒါသံရုံးက ဆိုသည်။

Public Service Announcement

Public Service Announcement

ကနေဒါသည် မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်းကို ပြင်းထန်စွာရှုတ်ချထားပြီး ဗြိတိန်၊ အမေရိကန်တို့နှင့်အတူ စစ်ခေါင်းဆောင်များ၊ အာဏာသိမ်းမှုကို အားပေးထောက်ခံသူများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများလုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။