Connect with us

Hi, what are you looking for?

News

အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည့်စစ်သားက အခြားတပ်သားသုံးဦးအား သတ်ပြီးထွက်​ပြေး

ဒေသခံအမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည့် စစ်သားသည် အခြားစစ်သားသုံးဦးအား သေနတ်ဖြင့် ပတ်သတ်ပြီးထွက်ပြေးသွားချိန်မှာ နံနက် ၁၀နာရီခန့်ဖြစ်သည်။ သေနတ်တစ်လက်ဖြင့် ထွက်ပြေးသွားသည့် ယင်းစစ်သားကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ညနေ မိုးချုပ်ကာစတွင် ဟိုနောင်ရွာအနီးတောစပ်၌ ပြန်တွေ့ခဲ့သည်။

(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွင်း​နေ​သော အကြမ်းဖက်စစ်သားများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)

▪️၎င်းကိုယ်တိုင်လည်း ပစ်သတ်ဖမ်းဆီးခံရ၍ အချင်းချင်းပစ်သတ်မှုတွင် ​လေးဦး​သေ

အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည့် စစ်ကောင်စီတပ်သားတစ်ဦး ထိန်းသိမ်းခံရပြီးနောက် အခြားတပ်ဖွဲ့ဝင်သုံးဦးကို သေနတ်ဖြင့်ပစ်သတ်ပြီး ထွက်ပြေးစဥ် ၎င်းကိုယ်တိုင်လည်း ပြန်လည်ပစ်သတ်ခံလိုက်ရသည်။

အချင်းချင်းပစ်သတ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးစလုံးသေဆုံးခဲသည့် ဖြစ်စဥ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုနောင်ကျေးရွာတွင် ယမန်နေ့ (ဧပြီ ၁၂ရက်)က ဖြစ်ခဲ့သည်ဟု ဒေသခံများက ပြော သည်။

ထို့နေ့ နံနက် ၁၀နာရီခန့်က ဟိုနောင်ကျေးရွာမှ အသက် (၅၀)အရွယ်ခန့်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ၏ ခမရ(၃၃၆)မှ တပ်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ အမျိုးသမီးက အော်ဟစ်အကူအညီတောင်းရာ ပတ်ဝန်းကျင်မှ ဒေသခံအများအပြားရောက်ရှိလာပြီးနောက် အဆိုပါ တပ်သားသည် ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါအဖြစ်အပျက်ကို ဒေသခံများက ခမရ (၃၃၆) စခန်းချရာနေရာသို့ သွားရောက်အကြေင်းကြားပြီး အရေးယူပေးရန် တောင်းဆိုခဲ့ရာ တပ်ခွဲမှူးဆိုသူက အရေးယူပေးမည်ဟု ကတိပြုခဲ့သည်။

” စစ်သားက ရွာထဲကနေ ထွက်ပြေးသွားပြီး သူ့တပ်ကိုပြန်ရောက်နေတာ။ တပ်ခွဲမှူးက ယာယီချုပ်ထားပြီး ဘယ်လိုအရေးယူမလဲ၊ကြေအေးမလဲဆိုတာ ရွာကလူတွေနဲ့ တိုင်ပင်နေတုန်းမှာ စစ်သားသုံးယောက်ကို သေနတ်နဲ့ ပစ်ပြေးတာ။ သုံးယောက်စလုံးသေတယ်။ ကျန်တဲ့စစ်သားတွေကလည်း လိုက်ဖမ်းကြတာ ညနေကျတော့ အသေပြန်မိတယ်”ဟု ကွတ်ခိုင်ဒေသခံတစ်ဦးကပြောသည်။

ဒေသခံအမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည့် စစ်သားသည် အခြားစစ်သားသုံးဦးအား သေနတ်ဖြင့် ပတ်သတ်ပြီးထွက်ပြေးသွားချိန်မှာ နံနက် ၁၀နာရီခန့်ဖြစ်သည်။ သေနတ်တစ်လက်ဖြင့် ထွက်ပြေးသွားသည့် ယင်းစစ်သားကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ညနေ မိုးချုပ်ကာစတွင် ဟိုနောင်ရွာအနီးတောစပ်၌ ပြန်တွေ့ခဲ့သည်။

” ရွာနားမှာပဲ ပြန်တွေ့တာ။ သေနတ်နဲ့ ပစ်ဖမ်းတော့ သေသွားတယ်။ ပြောရရင် စစ်တပ်ဘက်က သူတို့ချင်းပစ်ပြီး လေးယောက်သေသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ လေးဦးစလုံး တပ်သားအဆင့်ဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားများအား သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းကဲ့သို့ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ မကြာခဏပြုလုပ်နေပြီး နိုင်ငံတကာအနေဖြင့် ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန်အရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြေငြာချက်ထုတ်ပြန် တောင်းဆိုထားသည်။

စစ်တပ်အာအာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ ချင်း၊ ကရင်နီ၊ ကချင်၊ ရှမ်းနှင့် မကွေးတိုင်းတို့ တွင် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျုးလွန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။