Connect with us

Hi, what are you looking for?

News

မိုးသက်​လေပြင်း​ကြောင့် စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ PDFရဲ​ဘော်များလွတ်​မြောက်

နွားဘန်းကြီးကျေးရွာ အနောက်ဘက် တောင်ကြောရှိ ပြည်သူ့ကွယ်ရေးအဖွဲ့၏ စခန်းကို စစ်ကောင်စီက ဧပြီ ၁၈ရက်ကတည်းက စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ယနေ့တွင် လေကြောင်းမှပါတိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

(ရွာငံ​ဒေသမှ PDF တပ်ဖွဲ့ဝင်အချို့)

ရွာငံမြို့နယ်မှ PDFစခန်းတစ်ခုကို စစ်ကောင်စီတပ်ကယ​နေ့ လေကြောင်းမှတိုက်ခိုက်ရန် လာနေစဥ် မိုးနှင့်လေပြင်းရုတ်တရက်တိုက်ခတ်လာ၍ စစ်ကောင်စီ၏ တိုက်လေယာဥ်များပြန်လှည့်သွားရပြီးနောက် PDFရဲဘော်များအားလုံး ဘေးကင်းရာသို့ ရွှေပြောင်းနိုင်ခဲ့သည်။

ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက် တောင်ကြောရှိ ပြည်သူ့ကွယ်ရေးအဖွဲ့၏ စခန်းတစ်ခုကိုယနေ့(ဧပြီ ၂၀ရက်) နံနက်ကစတင်ကာ ခြေလျင်စစ်ကြောင်းရော၊ လေကြောင်းမှပါ တိုက်ခိုက်သိမ်းယူရန် စစ်ကောင်စီက ကြိုးစားခဲ့ခြင်းဖြစ်သည်။

“ခြေလျင်စစ်ကြောင်းကို ပြန်တိုက်ဖို့ အသင့်ပဲ။ ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ဖို့ စစ်ခွေးတွေက လုပ်လာတာ။ တိုက်လေယာဥ်သုံးစင်း တောင်ကြားဖက်ကို ပျံသွားတော့ စိတ်ပူနေကြတာ။ အဲ့ဒီအချိန် မုန်တိုင်းတိုက်တော့မယ့် ပုံစံမျိုးကြီး မိုးနဲ့လေ ကျတာ။ မိုးသီးတွေပါ ကြွေတယ်။ စစ်ခွေး လေယာဥ်တွေ ပြန်ပြေးရတာ” ဟု ရွာငံဒေသခံတစ်ဦးကပြောသည်။

(ရွာငံ​ဒေသမှ PDF တပ်ဖွဲ့ဝင်အချို့)

နွားဘန်းကြီးကျေးရွာ အနောက်ဘက် တောင်ကြောရှိ ပြည်သူ့ကွယ်ရေးအဖွဲ့၏ စခန်းကို စစ်ကောင်စီက ဧပြီ ၁၈ရက်ကတည်းက စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ယနေ့တွင် လေကြောင်းမှပါတိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“တိုက်လေယာဥ်တွေ တက်လာတော့ ကလေးတွေဘေးကင်းစေဖို့ တောစောင့်နတ်၊တောင်စောင့်နတ်တွေကိုတိုင်တည်ပြီး တစ်နယ်လုံးက ဆုတောင်းနေကြတာ။မိုးတွေလေတွေကျလာတော့ ဝမ်းသာလို့ ငိုတောင်ငိုမိတယ်။ လေယာဥ်တွေ ပြန်လှည့်သွားမှ စိတ်သက်သာရာရတယ်”ဟု ရွာငံဒေသခံတစ်ဦးကလည်းပြောသည်။

ရွာငံဒေသကိုစစ်ကောင်စီကအင်းအားအများအပြားသုံးကာ ထိုးစစ်ဆင်နေ၍ လတ်တလောအခြေအရ ရှေ့တန်းစခန်းကို စွန့်ခွာခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။သို့​သော်စခန်းမှ ပြည်သူ့ကာကွယ်ရေး ရဲဘော်အားလုံး ဘေးလွတ်ရာနေရာသို့ ရောက်ရှိပြီဟုဆိုသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဗိုလ်မှုးတစ်ဦးအပါအဝင်လေးဦးသေဆုံးခဲ့သည်။ထို့ကြောင့် စစ်ကောင်စီက ပြည်သူကာကွယ်ရေးအဖွဲ့များအား အညိုးတကြီး လိုက်လံတိုက်ခိုက်နေခြင်းဟု ဒေသခံများကပြောသည်။

မြန်မာနိုင်ငံဒေသအနှံ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များကိုဘခုခံတော်လှန်စစ်အရှိန်မြင့်နေသကဲ့သို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း တိုက်ပွဲများ ပို ပြင်းထန်လာနိုင်၍ လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေသည်ဟုရွာငံမြို့ပြပျောက်ကြားတပ်ဖွဲ့နှင့် တောင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးတွဲကြေကြာချက်ထုတ်ပြန်၍ပြည်သူများကို အကူအညီတောင်းခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook