Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်တွင် ယမန်နေ့ညက လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိ၊ ရှေ့တန်းကင်းများအကြား နေ့တိုင်းနီးပါးပစ်ခတ်​နေ

လေးကေ့ကော်ဒေသ၌ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည် ဟု သတင်းများ ထွက်ပေါ်နေရာ ပူးပေါင်းတပ်ဖွဲ့အနေဖြင့်လည်း ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

(ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲအတွင်း ​ကော်ဘရာစစ်​ကြောင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်​နေစဥ်)

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ ၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ (ဧပြီ ၂၁ရက်) ညပိုင်းက လက်နက်ကြီးဖြင့် အပြန်အ လှန်ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ပြောသည်။

“ညနေစောင်းက ထိတွေ့မှု ဖြစ်ကြတယ်။ ထိတွေ့မှုဖြစ်တယ်ဆိုတာက ဟိုဘက်က တက်လာတဲ့သဘောမဟုတ်ဘူး အပြန်အလှန်ထိတွေ့မှုဖြစ်တဲ့သဘော။ အဲဒီနောက်မှာ သူတို့ လက်နက်ကြီးတွေ ပစ်တယ်။ ဟိုရက်တွေကထက်စာရင်တော့ သူတို့မပစ်ဘူး။ နည်းနည်းပါးပါး ခြောက်လှန့်ပစ်ခတ်တဲ့သဘောပါပဲ” ဟု အဆိုပါ တပ်မှူးက ယမန်နေ့ည လေးကေ့ကော်ဒေသ အခြေအနေကို ပြောပြသည်။

လေးကေ့ကော်ဒေသ၌ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည် ဟု သတင်းများ ထွက်ပေါ်နေရာ ပူးပေါင်းတပ်ဖွဲ့အနေဖြင့်လည်း ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

“ပုံမှန်ကတော့ ကင်းအချင်းချင်းထိတွေ့မှုတွေက နေ့တိုင်းနီးပါးရှိတယ်။ ရှေ့တန်းကင်းတွေ စနှိုက်ပါနဲ့ ပစ်ကြတာတို့၊ လက်နက်ငယ်နဲ့ပစ်ကြတာတို့။ ပစ်တယ်ဆိုတဲ့ သဘောကလည်း ထိတွေ့မှု သဘောမျိုးမဟုတ်ဘဲ သူ့ကင်း ကိုယ့်ကင်းက အပြန်အလှန် ပစ်တဲ့ သဘောမျိုးပါ”ဟု PDF တပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုလအတွင်း လေးကေ့ကော်၌ တိုက်ပွဲများဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြားခဲ့ရာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။