Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တွင် ယမန်နေ့ညက လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိ၊ ရှေ့တန်းကင်းများအကြား နေ့တိုင်းနီးပါးပစ်ခတ်​နေ

လေးကေ့ကော်ဒေသ၌ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည် ဟု သတင်းများ ထွက်ပေါ်နေရာ ပူးပေါင်းတပ်ဖွဲ့အနေဖြင့်လည်း ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

(ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲအတွင်း ​ကော်ဘရာစစ်​ကြောင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်​နေစဥ်)

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသ ၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ (ဧပြီ ၂၁ရက်) ညပိုင်းက လက်နက်ကြီးဖြင့် အပြန်အ လှန်ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့ဟု အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်မှူးတစ်ဦးက ပြောသည်။

“ညနေစောင်းက ထိတွေ့မှု ဖြစ်ကြတယ်။ ထိတွေ့မှုဖြစ်တယ်ဆိုတာက ဟိုဘက်က တက်လာတဲ့သဘောမဟုတ်ဘူး အပြန်အလှန်ထိတွေ့မှုဖြစ်တဲ့သဘော။ အဲဒီနောက်မှာ သူတို့ လက်နက်ကြီးတွေ ပစ်တယ်။ ဟိုရက်တွေကထက်စာရင်တော့ သူတို့မပစ်ဘူး။ နည်းနည်းပါးပါး ခြောက်လှန့်ပစ်ခတ်တဲ့သဘောပါပဲ” ဟု အဆိုပါ တပ်မှူးက ယမန်နေ့ည လေးကေ့ကော်ဒေသ အခြေအနေကို ပြောပြသည်။

လေးကေ့ကော်ဒေသ၌ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည် ဟု သတင်းများ ထွက်ပေါ်နေရာ ပူးပေါင်းတပ်ဖွဲ့အနေဖြင့်လည်း ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

“ပုံမှန်ကတော့ ကင်းအချင်းချင်းထိတွေ့မှုတွေက နေ့တိုင်းနီးပါးရှိတယ်။ ရှေ့တန်းကင်းတွေ စနှိုက်ပါနဲ့ ပစ်ကြတာတို့၊ လက်နက်ငယ်နဲ့ပစ်ကြတာတို့။ ပစ်တယ်ဆိုတဲ့ သဘောကလည်း ထိတွေ့မှု သဘောမျိုးမဟုတ်ဘဲ သူ့ကင်း ကိုယ့်ကင်းက အပြန်အလှန် ပစ်တဲ့ သဘောမျိုးပါ”ဟု PDF တပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုလအတွင်း လေးကေ့ကော်၌ တိုက်ပွဲများဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပြားခဲ့ရာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook