Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို KNU/PDF ပူးပေါင်းတပ် ပစ်ခတ်တိုက်ခိုက်

KNLA/PDF ပူးပေါင်း တပ်ဖွဲ့အနေဖြင့် သထုံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ တပ်စွဲရာနေရာများကို သွားရောက် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ယမန်နေ့နှင့် ယနေ့တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်း အဖွဲ့သည် ယနေ့ ဧပြီ ၂၆ရက် မွန်းလွဲ ၃နာရီခွဲတွင် သထုံမြို့နယ်၊ ပိန္ဒဲတောကျေးရွာရှိစစ်ကောင်စီစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

ထိုသို့ ပစ်ခတ်မှုကြောင့် အထိအခိုက်အကျအဆုံး အခြေအနေကို မသိရသေးဟုဆိုသည်။

ယမန်နေ့ (ဧပြီ ၂၅ရက်) နံနက်ပိုင်းကလည်း သထုံမြို့နယ်၊ ဝီယော်ကျေးရွာရှိစစ်ကောင်စီစခန်းအား KNLAနှင့် PDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သထုံ PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို မနက် ၇နာရီမှ ၁၀နာရီအထိ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်မှ အထိခိုက်အကျဆုံး မသိရသေးကြောင်း ဖော်ပြထားသည်။

KNLA/PDF ပူးပေါင်း တပ်ဖွဲ့အနေဖြင့် သထုံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ၊ တပ်စွဲရာနေရာများကို သွားရောက် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။