Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်နှင့် ပူးပေါင်းပါက မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို အရေးယူမည်ဟု ချင်းတပ်ဖွဲ့ CNO ထုတ်ပြန်

CNO/CNDFသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့်ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေပြီး ထိုသို့ တိုက်ခိုက်ရာတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

(CDDF ၏ အထူးကွန်မန်ဒိုသင်တန်းတွင် စစ်​ရေး​လေ့ကျင့်​နေ​သောတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CNO)

စစ်အာဏာရှင်စနစ်အမြစ်ပြတ် တိုက်ဖျက်ရေးကာလတွင် စစ်အာဏာရှင်နှင့် လက်တွဲပူးပေါင်းသည့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့စည်းမဆို အာဏာရှင်နှင့်တစ်တန်းတည်းထားကာ အရေးယူသွားမည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)က ထုတ်ပြန်သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၏ မိခင်အဖွဲ့အစည်းဖြစ်သည့် CNO၏ ပထမအကြိမ် ညီလာခံကို ဧပြီ ၂၀ရက်မှ ၂၃ရက်ထိ ကျင်းပခဲ့ပြီးနောက် ညီလာခံအစည်းအဝေး ထုတ်ပြန်ချက်ကို ယမန်နေ့ဧပြီ ၂၇ရက်က ထုတ်ပြန်ခဲ့သည်။

(CDDF ၏ အထူးကွန်မန်ဒိုသင်တန်းတွင် စစ်​ရေး​လေ့ကျင့်​နေ​သောတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CNO)

ယင်းညီလာခံတွင် အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် လိုအပ်သော ပြည်သူ့အုပ်ချူပ်ရေးအား CNO/CNDF စိုးမိုးနယ်မြေတွင် အမြန်ဆုံးအကောင်ထည်ဖော်ရန် မူဝါဒများနှင့် စီမံကိန်းများ ချမှတ်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

ချင်းပြည်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ ပိုမိုအားကောင်း လာစေရန်အတွက် CJDC တွင် ပါဝင်သော မြို့နယ်၊ ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ထိရောက်သော လက်တွဲလုပ်ဆောင်မှုများ ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC) သည် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသား တပ်မတော်(CNF/CNA) နှင့် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF )၊ မြို့နယ် ဒေသအလိုက် ဖွဲ့ထားသည့် ချင်းကာကွယ် ရေးတပ်(CDF) များအပါအဝင် ချင်းတပ်ဖွဲ့ ၁၈ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။

CNO/CNDF အနေဖြင့် နွေဦးတော်လှန်ရေးအတွင်း အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်သည့် CDMers များနှင့်အတူ ချင်းပြည်ထောင်တည်ထောင်ရာတွင် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အား သက်ဆိုးရှည်တည်တံ့စေသော ဒေါက်တိုင်များဖြစ်ကြသည့် Non-CDMer များအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်သည်။

ထို့ပြင် CNO/CNDF စိုးမိုးနယ်မြေအတွင်း တင်ဒါလျှောက်ခြင်း၊ လုပ်ငန်းဆောင်ရွက်များကို လုံးဝ(လုံးဝ) ပိတ်ပင် တားမြစ်ပြီး လုပ်ငန်းဆောင်ရွက်များရှိခဲ့ပါက အရေးယူမည်ဟုလည်း အသိပေးထားသည်။

CNO/CNDFသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့်ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေပြီး ထိုသို့ တိုက်ခိုက်ရာတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး