Connect with us

Hi, what are you looking for?

News

“နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် တောင်ဥက္ကလာပရှိ ထောက်ပို့တပ်ရင်းကို (၄၀)မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ယုံကြည်စိတ်ချရသော သတင်းပေး၏အဆိုအရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်ဟု သတင်းရရှိသော်လည်း CIVIL GUERRILLA FORCE -YGN အနေဖြင့် သီးခြါးအတည်မပြုနိုင်သေးပေ။

“နန်းထိုက်အောင် စစ်ဆင်ရေး”၏ အစိတ်အပိုင်းအဖြစ် တောင်ဥက္ကလာပမြို့နယ်ရှိ ထောက်ပို့တပ်ရင်းကို (၄၀)မမ ဗုံးသီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း CIVIL GUERRILLA FORCE -YGN က ယနေ့(မေ ၄ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်မှာ ဧပြီ ၃၀ရက် နံနက် ၅နာရီခန့်က ဖြစ်ပြီး သံသုမာလမ်းပေါ်ရှိ အမှတ် ၄၃၄/၄၃၅ ထောက်ပို့တပ်ရင်းကို Yangon Federal Army နှင့် ပူးပေါင်း၍ (၄၀)မမ ဗုံးသီး၊ လောင်ချာဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယုံကြည်စိတ်ချရသော သတင်းပေး၏အဆိုအရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်ဟု သတင်းရရှိသော်လည်း CIVIL GUERRILLA FORCE -YGN အနေဖြင့် သီးခြါးအတည်မပြုနိုင်သေးပေ။

Public Service Announcement

ယခု စစ်ဆင်ရေးသည် အဖမ်းဆီးခံမြို့ပြ ပြောက်ကျားရဲဘော်များအတွက် သွေးကြွေးပြန်ဆပ်ခြင်းဖြစ်ပြီး “နန်းထိုက်အောင် စစ်ဆင်ရေး “၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးအတွင်း မြို့ပြ ပြောက်ကျားရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့သော်လည်း အမည်မဖော်လိုသည့် ဆုံးရှုံးမှု အချို့ရှိကြောင်း စစ်အာဏာရှင်ကျဆုံးရေးအတွက် မြို့ပြ ပြောက်ကျားလုပ်ငန်းများဆက်လက်လုပ်ကိုင်နိုင်ရန် ပြည်သူအပေါင်းမှ ထောက်ပံ့ ကူညီရန် ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုလ ၃ ရက်ကလည်း ကော့မှုးနှင့် သန်လျင်မြို့နယ်တို့တွင် “နန်းထိုက်အောင်စစ်ဆင်ရေး” အနေဖြင့် စစ်ရေးပစ်မှတ်နှစ်နေရာကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး ၊နှစ်ဦးဒဏ်ရာရရှိသည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက အတည်ပြုထားသည်။

ဧပြီ ၈ရက်ကစတင်ခဲ့သည့် “နန်းထိုက်အောင်” စစ်ဆင်ရေးအရ အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ ထောက်တိုင်များကို ပစ်မှတ်ထား၍ ရွှေပြည်သာ၊မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ တွံ​တေး၊ သုံးခွ၊ ​ဒလနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။