Connect with us

Hi, what are you looking for?

LuduNwayOo

News

“နန်းထိုက်အောင် စစ်ဆင်ရေး”အဖြစ် တောင်ဥက္ကလာပရှိ ထောက်ပို့တပ်ရင်းကို (၄၀)မမဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ယုံကြည်စိတ်ချရသော သတင်းပေး၏အဆိုအရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်ဟု သတင်းရရှိသော်လည်း CIVIL GUERRILLA FORCE -YGN အနေဖြင့် သီးခြါးအတည်မပြုနိုင်သေးပေ။

“နန်းထိုက်အောင် စစ်ဆင်ရေး”၏ အစိတ်အပိုင်းအဖြစ် တောင်ဥက္ကလာပမြို့နယ်ရှိ ထောက်ပို့တပ်ရင်းကို (၄၀)မမ ဗုံးသီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း CIVIL GUERRILLA FORCE -YGN က ယနေ့(မေ ၄ ရက်) ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်မှာ ဧပြီ ၃၀ရက် နံနက် ၅နာရီခန့်က ဖြစ်ပြီး သံသုမာလမ်းပေါ်ရှိ အမှတ် ၄၃၄/၄၃၅ ထောက်ပို့တပ်ရင်းကို Yangon Federal Army နှင့် ပူးပေါင်း၍ (၄၀)မမ ဗုံးသီး၊ လောင်ချာဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယုံကြည်စိတ်ချရသော သတင်းပေး၏အဆိုအရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်ဟု သတင်းရရှိသော်လည်း CIVIL GUERRILLA FORCE -YGN အနေဖြင့် သီးခြါးအတည်မပြုနိုင်သေးပေ။

Public Service Announcement

ယခု စစ်ဆင်ရေးသည် အဖမ်းဆီးခံမြို့ပြ ပြောက်ကျားရဲဘော်များအတွက် သွေးကြွေးပြန်ဆပ်ခြင်းဖြစ်ပြီး “နန်းထိုက်အောင် စစ်ဆင်ရေး “၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးအတွင်း မြို့ပြ ပြောက်ကျားရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့သော်လည်း အမည်မဖော်လိုသည့် ဆုံးရှုံးမှု အချို့ရှိကြောင်း စစ်အာဏာရှင်ကျဆုံးရေးအတွက် မြို့ပြ ပြောက်ကျားလုပ်ငန်းများဆက်လက်လုပ်ကိုင်နိုင်ရန် ပြည်သူအပေါင်းမှ ထောက်ပံ့ ကူညီရန် ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုလ ၃ ရက်ကလည်း ကော့မှုးနှင့် သန်လျင်မြို့နယ်တို့တွင် “နန်းထိုက်အောင်စစ်ဆင်ရေး” အနေဖြင့် စစ်ရေးပစ်မှတ်နှစ်နေရာကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး ၊နှစ်ဦးဒဏ်ရာရရှိသည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက အတည်ပြုထားသည်။

ဧပြီ ၈ရက်ကစတင်ခဲ့သည့် “နန်းထိုက်အောင်” စစ်ဆင်ရေးအရ အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ ထောက်တိုင်များကို ပစ်မှတ်ထား၍ ရွှေပြည်သာ၊မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ တွံ​တေး၊ သုံးခွ၊ ​ဒလနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။