Connect with us

Hi, what are you looking for?

News

စစ်ခေါင်းဆောင်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ KIO တက်ရောက်မှာမဟုတ်

စစ်ကောင်စီခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံလိုကြောင်း ဖိတ်ခေါ်ထားပြီး တက်ရောက်မယ့် အဖွဲ့တွေအနေနဲ့ မေလ ၉ ရက် နောက်ဆုံးထားပြီး စာရင်းပေးကြဖို့ ပြောထားပါတယ်။

စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပါဝင်သင့်သူ အားလုံးကို ဖိတ်ခေါ်တာ မရှိတာကြောင့် တက်ရောက်မှာမဟုတ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO ) ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အပေါ် KIO က အချက် ၂ ချက် ထောက်ပြထားပါတယ်။

အဲဒီအချက်တွေကတော့ ပါဝင်သင့်သူအားလုံး ကို ဖိတ်ခေါ်တာမရှိတာ ၊ နိုင်ငံရဲ့အရေးအရာတွေကို ဆွေးနွေး အဖြေရှာမယ်ဆိုတဲ့သဘောထားမပါတာကိုတွေ့ရတယ်လို့ KIO က ဆိုထားတာပါ။

ဒါကြောင့် ပါဝင်သင့်သူအားလုံးပါဝင်နိုင်ပြီး နိုင်ငံရဲ့အရေးအရာတွေကို တန်းတူဆွေးနွေးနိုင်မယ့် အချိန်အခါ အခင်းအကျင်း ရောက်ရှိမှသာ ပါဝင်ဆွေးနွေးမယ်လို့ KIO က အသိပေးထုတ်ပြန်ထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံလိုကြောင်း ဖိတ်ခေါ်ထားပြီး တက်ရောက်မယ့် အဖွဲ့တွေအနေနဲ့ မေလ ၉ ရက် နောက်ဆုံးထားပြီး စာရင်းပေးကြဖို့ ပြောထားပါတယ်။

ဒါပေမယ့် အဲဒီဖိတ်ခေါ်ချက်မှာ NUG ၊ PDF ကိုထည့်သွင်းထားခြင်းမရှိပါဘူး။ NUG နဲ့ PDF ဟာအကြမ်းဖက်အဖွဲ့ဖြစ်လို့တွေ့ဆုံစရာမလိုကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆွေးနွေးမှုမှာ NUG ၊PDF ကို ချပ်လှပ်ထားရင် အဖြေထွက်မှာမဟုတ်ကြောင်းသုံးသပ်ထားကြပါတယ်။

KNU ကလည်း PDF မပါရင် ငြိမ်းရေးရမှာမဟုတ်ကြောင်းအတိအလင်းပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook