Connect with us

Hi, what are you looking for?

News

ပုလဲနယ်တွင် စစ်အုပ်စုစစ်ကြောင်းကို ကျားသစ်နက်ပြောက်ကျားတပ် စောင့်ကြိုတိုက်ခိုက်စစ်ကောင်စီတပ်သားနှစ်ဦးသေ

စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကာ ကျန်သူများ ထွက်ပြေးသွားသည်ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

(ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

စစ်ကောင်စီနှင့် ပျူစောထီးများလာရောက်မည်ဟု တပ်တွင်းသတင်းပေးမှုအရ စောင့်ကြိုတိုက်ခိုက်ရာ ယင်းအဖွဲ့မှနှစ်ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်အခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ယနေ့(မေ လ ၆ရက်) နံနက် ၉နာရီခန့်က ပုလဲမြို့နယ် အင်ပင်ထီးရွာမှ သာယာကုန်းကျေးရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၂၀ခန့်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကာ ကျန်သူများ ထွက်ပြေးသွားသည်ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်ဗိုလ်နဂါး၏ လက်အောက်ခံ မြေပြင်သိန်းငှက်အဖွဲ့နှင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ(၈)မှဗိုလ်ဒေါင်းညို ဦးဆောင်အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲတပ်ဖွဲ့ဝင်များအနက် CDM ပြုလုပ်ကာ လွတ်မြောက်နယ်မြေသို့ထွက်ခွာလာသူများရှိသလို အကြောင်းအမျိုးမျိုးကြောင့် တပ်တွင်း၌သာနေထိုင်ပြီး သတင်းပေးနေသူများလည်း ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook