Connect with us

Hi, what are you looking for?

News

နိုင်ငံရေးအကျဥ်းသားတွကို နှိပ်စက်ညှဉ်းပန်းနေတာတွေရပ်ဖို့ KNU တာဝန်ရှိသူတောင်းဆို

စစ်ကောင်စီအနေနဲ့ အခုလိုအချိန်ကာလမျိုးမှာ တကယ်အကောင်းဘက်ကို လိုချင်တယ်ဆိုပါက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမှာလို့ ပဒိုစောတောနီးက ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းနေတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရသူ ပဒိုစောတောနီးက တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းဆွေးနွေးမှုဖိတ်ခေါ်တဲ့အပေါ်မှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဒီကနေ့ မေလ ၉ ရက်နေ့ရက်စွဲနဲ့ သဘောထားကြေငြာချက်ထုတ်ပြန်ပြီး ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလိုအချိန်ကာလမျိုးမှာ တကယ်အကောင်းဘက်ကို လိုချင်တယ်ဆိုပါက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမှာလို့ ပဒိုစောတောနီးက ပြောပါတယ်။

“ထောင်ထဲမှာအကျဉ်းသားတွေကို မတရားလုပ်တဲ့ဟာတွေလည်း ကျနော်တို့အကုန်လုံးသိနေတဲ့ကိစ္စတွေ။ အဲ့ဒါတွေရပ်တန်းက ရပ်ရမယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း သူ့ရဲ့ယုံကြည်ရေးအပေါ်မှာ ဒီအချိန်ဒီကာလမှာ တကယ်အကောင်းကိုလိုချင်တယ်ဆိုရင် ဒီလူတွေလွှတ်ပေးရမယ်” လို့ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ကို ထောင်ပြောင်းရွှေ့မှုတွေပြုလုပ်ခဲ့တာကြောင့် အကျဉ်းသားတွေတောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ပြီး ထောင်မှူးဖြစ်သူက အဲ့ဒီနိုင်ငံရေးအကျဉ်းသားတွေကို သေနတ်နဲ့ချိန်ရွယ်ကာ ဆဲဆိုတာတွေပြုလုပ်ခဲ့တဲ့အပြင် PDF နဲ့လက်နက်ကိုင်အဖွဲ့တွေကိုပါ ခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဘားအံထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ တောင်းဆိုဆန္ဒဖော်ထုတ်နေစဉ် စစ်တပ်နဲ့ရဲတွေရောက်ရှိလာပြီး နိုင်ငံရေးအကျဉ်းသားတွေကို တုတ်နဲ့ရိုက်တာ သေနတ်ဒင်နဲ့ထုတာအပါအဝင် လေးဂွနဲ့ပါပစ်ခတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအယောက် ၂၀ ခန့်ကို တိုက်ပိတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။