Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်တွင် စစ်​ကောင်စီတပ်၏ယာယီစခန်းကို PDF များတိုက်ခိုက်ရာ စခန်းစွန့်ခွာထွက်​ပြေး

စစ်ကောင်စီတပ်မှ လက်ရှိတွင် မှန်ထောင်ဘုရားကုန်းယာယီတပ်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြပြီး စစ်​ကောင်စီတပ်မှထိခိုက်သေဆုံးမှုကိုမှု အ​ခြေအ​နေကိုမူမသိရသေးပေ။

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ (ပုံအ​​ဟောင်းဖြစ်ပါသည်)

ကနီမြို့နယ်၊မှန်ထောင်ဘုရားကုန်းတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များဝင်တိုက်ခိုက်ရာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း အာဏာရှင်တော် လှန်ရေးပြည်သူ့တပ်မတော်-DPRA က ထုတ်ပြန် သည်။

ယနေ့ (မေ ၁၅ ရက်) နေ့လယ် ၃ နာရီခန့်တွင် ကနီမြို့နယ်အဖွဲ့မှတပ်ကူပို့ရန် အကူအညီတောင်း သဖြင့် သွားရောက်ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ​ဖော်ပြထားသည်။

“ရန်သူ့အင်အားက ၂၅ ကနေ ၃၀ ကြားရှိတယ်။ဒီကောင်တွေ ယာယီစခန်းချထားတဲ့နေရာကို ဝင်တိုက်ကြတာ။လက်နက်ကြီးရော လက်နက်ငယ် တွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခဲ့တာ။တိုက်ပွဲကနာရီဝက်လောက် ကြာတယ်”ဟု DPRA တာဝန်ရှိသူက People’s Springသို့ပြောသည်။

စစ်ကောင်စီတပ်မှ လက်ရှိတွင် မှန်ထောင်ဘုရားကုန်းယာယီတပ်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြပြီး စစ်​ကောင်စီတပ်မှထိခိုက်သေဆုံးမှုကိုမှု အ​ခြေအ​နေကိုမူမသိရသေးပေ။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲတွင် DRPA၊ဘာမထီအဖွဲ့၊KGF၊အမေ့သားကျားသုံးဖော်၊မြို့နယ်ပကဖ နှင့်မဟာ မိတ်တပ်ပေါင်းစုများကပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ပါရှိသည်။

​မေလလ ၁၀ ရက်ကလည်း ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော အလယ်ကျွန်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာအထိ့နာသဖြင့် စစ်ကောင်စီက လေယာဥ်ဖြင့် ပစ်ကူပေးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။